Hyung🌙{Final}

1.2K 135 27
                                    

Unicode

အမေ့ဆုံးဖြတ်ချက်အရ ဆော့ဂျင် ဂွာချွန်းအိမ်တွင်နေဖို့ဖြစ်လာခဲ့သည်။ ယောကျာ်းကိုဆုံးရှုံးလိုက်ရသော အဒေါ်ဖြစ်သူသည်လည်း အိပ်ယာထဲလဲမတက်ဖြစ်နေရှာသည်။ ထို့အပြင် သားအကြီးနှစ်ယောက်မှာလည်း အိမ်ထောင်ကိုယ်စီရှိသည်ကြောင့် ဂျောင်ကုတစ်ယောက်သာ သူ့အမေနားရှိနေပေးနိုင်သည်။ ဒါကြောင့် အမေက ဆော့ဂျင်ကို ဂျောင်ကုတို့သားမိကို အဖော်လုပ်ပေးဖို့ စီစဥ်ခဲ့ခြင်းဖြစ်သည်။

ဆော့ဂျင် ဤအိမ်တွင်နေနေသည်မှ နှစ်ပတ်ခန့်ပင်ရှိတော့မည်။ အိမ်မှာလို ထွေထွေထူးထူးလုပ်စရာမရှိ၍ ဆော့ဂျင် ပျင်းနေမိတာတော့အမှန်ပင်။ နေသားမကျသေးတာလည်း ပါလိမ့်မည်။ ဂျောင်ကုနဲ့ကတော့ အရင်ကလောက်မဟုတ်တော့ပဲ ဟိုနေ့တည်းကစလို့ တဖြေးဖြေးရင်းနှီးလာသည်။

ဆော့ဂျင် ဒီတစ်လောအတွင်း ထိုကောင်လေး၏ မတူညီတဲ့ ပုံစံနှစ်မျိုးကိုတွေ့ရတက်သည်။ ထိုကောင်လေးက သူ့အမေနဲ့ဆို ကလေးတစ်ယောက်လိုပင် သူ၏ယုန်သွားလေးတွေပေါ်သည်အထိပြုံးရယ်ကာ ကပ်ချွဲနေလေ့ရှိသည်။ ဆော့ဂျင်ကိုတွေ့လျင်တော့ လူကြီးလူကောင်းတစ်ယောက်စတိုင်ဖမ်းကာ ဆော့ဂျင်ကို သူ့ထက်အငယ်လေးလို ဆက်ဆံလေ့ရှိသည်။

"Hyung~"

"သြော် ဂျောင်ကု"

"ပျင်းနေပြီလား Hyung~"

ဂျောင်ကု ဆော့ဂျင်ထိုင်နေသည့် ဒန်းထက်ဝင်ထိုင်ကာ မေးလာသည်။

"အင်း နည်းနည်းပါ"

"အိမ်ပြန်ချင်လား Hyung~"

"ဟမ် မဟုတ်တာ Hyungက ပျင်းနေပေမဲ့ ဒီမှာ နေရတာ အဆင်ပြေပါတယ်"

"အင်း~"

"Hyung တစ်ခုလောက်မေးချင်တယ် ဂျောင်ကု"

"မေးပါ~"

"အရင်တုန်းက ဂျောင်ကုက Hyungကိုတွေ့ရင် ဘာလို့ အမြဲစိုက်ကြည့်နေတာလဲ"

"အဟင်း~"

"ဂျောင်ကုမဖြေချင်လည်းမဖြေပါနဲ့။ Hyungက ဘာရယ်မဟုတ်ဘူး ဒီတိုင်းမေးကြည့်တာပါ။"

ဆော့ဂျင်အသံနည်းနည်းမာသွားလောက်သည်။ ဂျောင်ကုရဲ့ အဲ့အကျင့်ကို ဆော့ဂျင်မကြိုက်ဆုံးပင်။ တစ်ခုခုမသိလို့မေးတိုင်း လူကို လှောင်သလိုလိုရယ်တာ အမြဲ။

KookJin one shortWhere stories live. Discover now