{3}
ယာဉ်ထဲသို့ရောက်သည်နှင့် ရှောင်းကျန့်အား
ဖမ်းချုပ်လာသော လှောင်အိမ်ကို တာ့ရန်က
ဖယ်ရှားလိုက်သည်။လှောင်အိမ်ထဲမှ လွတ်သည်နှင့် ရှောင်းကျန့်က ချက်ချင်းခုခံတိုက်ခိုက်ဖို့
ပြင်လိုက်ပေမဲ့ လက်တစ်ဖက်တစ်ချက်စီကို
လာရစ်ပတ်သည့် ရေခဲနွယ်ကြိုးတွေ။ထိုနွယ်ကြိုးတို့၏ အထိအတွေ့က အေးစက်လွန်းပြီး
လက်ကောက်ဝတ်မှနေ တင်းကြပ်စွာ ရစ်ချည်ထားတာကြောင့် သွေးကြောတို့မှတစ်ဆင့်
အေးစက်မှုကို အပြင်းအထန်ခံစားရပြီး
မီးခန္ဓာကိုယ်ဖြစ်သော ရှောင်းကျန့်မှာ ချက်ချင်း
တုန်ယင်လာသည်။"သူ့ကို အချုပ်ခန်းထဲသွားထားလိုက်ရမလား
အရှင်"Pluto၏ တပ်သားက တာ့ရန်ကို လှမ်းမေးလိုက်သည့်အခါ တာ့ရန်က လက်ကာပြလို့
ငြင်းဆန်သည်။အပြာရောင်မျက်ဝန်းတစ်စုံက
ရှောင်းကျန့်ဆီသို့ ဉီးတည်လာခဲ့ပြီးနောက်မှာတော့ အေးစက်စက်လက်ဖဝါးကြီးနှင့်
ရှောင်းကျန့်မေးစေ့မှ ဖျစ်ညှစ်ကာ မော့စေရင်း"ရှောင်းက အချုပ်ခန်းလို အောက်တန်းကျတဲ့
နေရာတွေမှာ နေစရာလား။အဲ့အစား
ငါကိုယ်တော်ရဲ့ အိပ်ဆောင်ထဲမှာ နွေးနွေးထွေးထွေးလေး ရှိနေသင့်တာ"ဒေါသအချောင်းချောင်းထွက်နေသည့်
ရှောင်းကျန့်၏ မျက်နှာလေးကြောင့် တာ့ရန်
နှုတ်ခမ်းတို့ ကွေးညွှတ်သွားရသည်။
ဒီလိုပုဂ္ဂိုလ်မျိုးလေးက စကြာဝဋာတစ်ခုလုံးမှာတစ်ယောက်တည်းရှိတဲ့ တကယ့်ရှားပါးမျိုးစိတ်လေး။"မင်း...ကို ငါ..သတ်မှာ!"
နှုတ်ခမ်းတို့ပင် ဖြူလျော့လာပေမဲ့ ရှောင်းကျန့်က မာနတို့အား မလျော့သေး။လက်ကောက်ဝတ်မှ ရေခဲနွယ်ကြိုးတွေက ပိုတင်းကြပ်သွားသလို
အအေးဓာတ်များဆိုတာ သွေးကြောတွေ
ကျဉ်တက်ပြီးခဲသွားပြီလို့ ထင်ရသည်အထိပင်။"ရှောင်းက ခေါင်းမာနေတာပဲ။ကိုယ့်အပိုင်
ဖြစ်လာမှာကို အဲ့လောက်တောင် မုန်းတာလား"တာ့ရန်စကားတို့ကို ရှောင်းကျန့်က မျက်လုံးတွေနှင့်သာ အဖြေပြန်ပေးသည်။နာကြည်းချက်တွေ
အပြည့်နှင့် ထိုအကြည့်တို့ကို တာ့ရန်က
စိတ်ထဲထည့်ထားမနေသလို။
YOU ARE READING
Venus(Completed)
Fanfictionသိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး.....