HEARTBEAT -6

270 26 8
                                    

UNICODE.

"Ohhh.......ငယ်ငယ်လေးပဲရှိသေးတယ်၊စိတ်မကောင်းစရာပါလား၊အသက်ဆက်မရှင်ချင်တော့လောက်အောင် ဘယ်လိုဆိုးဆိုးဝါးဝါးကိစ္စတွေများဖြစ်ခဲ့ပါလိမ့်၊နှမြောစရာကောင်းလိုက်တာ၊ဟူးဟူး......"

မြတ်ကျော်ကFacebookပေါ်မှ မိမိကိုယ်ကိုသတ်သေသွားသောမိန်းကလေးငယ်တစ်ဦး၏သတင်းအားဖတ်ရင်း မဆီမဆိုင်နှမြော တသစွာ စိတ်မသက်မသာဖြစ်မိရဟန်ဖြင့် ညည်းတွားနေသည်။ရည်းစားရှေ့ဆိုလျှင် ဘယ်ကောင်မလေးကိုမှမျက်လုံးစွေမကြည့်ရဲ့ပါသည့်မြတ်ကျော်ကရည်းစားရှေ့မဟုတ်သည့်အခိုက်တွင် သေပြီးသားတောင်ဘူးချင်နေပါ၍ ဇွဲခန့်ကမျက်လုံးအပြူးသားနှင့်အံ့သြလှစွာကြည့်နေသည်။

"သေတာဘာများထူးဆန်းနေလို့လဲ၊ဒီဘဝသေပြီးရင်နောက်ဘဝရောက်မှာပဲ၊စိတ်ညစ်စရာရှိလို့ သတ်သေသွားတော့ မြန်မြန်ဝဋ်ကျွတ်တာပေါ့"

ထက်သာက အသုတ်ပန်းကန်ကိုတစ်ဇွန်းခပ်စားလိုက်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သောကြောင့် ဇွဲခန့်မျက်လုံးပြူးတွေက ထက်သာဆီသို့ ဆိုက်ကပ်သွားရပြန်၏။

"ဟေ့ကောင်......ထက်သာ၊မင်းဘယ်လိုများပြောလိုက်တာလဲကွာ၊သေတာကချီးဖြစ်လို့ မထူးဆန်းတဲ့ကိစ္စဖြစ်ရမှာလဲကွ၊လူတစ်ယောက်သေတာလွယ်လွယ်လေးနဲ့အသက်ထွက်သွားတယ်များထင်နေလား"

ယနေ့ဘာနေ့မှန်းမသိသော်လည်း ဇွဲ့ခန့်အားချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်မှာ သူ့မျက်လုံးတို့အားအနားမပေးကြ။ပြူးနေရာမှထပ်ပြူးစေပါ၏။

"မင်းကသေဖူးလို့လား"

"ဟ...အခုဘဝမှာသေတော့မသေဖူးသေးဘူးပေါ့ကွ၊ဒါပေမယ့် သေတယ်ဆိုတာ ခန္ဓာကိုယ်ကြီးကမခံမရပ်နိုင်လောက်အောင်နာကျင်လွန်းလို့ ဝိညာဥ်ကလေးကထွက်သွားရတာတဲ့၊ကဲ....လွယ်သလား.....မင်းပြော"

"ဒါတော့မင်းပြောမှလား သေပါတယ်ဆိုနာကတော့နာမှာပေါ့၊ဒါပေမယ့်...ဘာထူးဆန်းနေလို့လဲ၊တစ်ချို့နာနာကျင်ကျင်သေတယ်၊တစ်ချို့နာကျင်မှုကိုမခံစားရဘဲလျှောသွားတာလည်းရှိတာပဲ၊စောသေတယ် ၊အသက်ကြီးမှသေတယ်၊အသတ်ခံရဖို့ကံပါလာလို့အသတ်ခံရလို့သေတယ်၊ကံပေါ့....သူတို့သက်တမ်းရှိသလောက်ပေါ့၊ဘယ်နေရာကထူးဆန်းနေလို့လဲ၊သေတစ်နေ့မွေးတစ်နေ့တဲ့မကြားဖူးဘူးလား"

HEARTBEATWhere stories live. Discover now