28

1.2K 81 1
                                    

"ဘယ်လိုဖြစ်တာလဲ ငါ အစည်းအဝေးဖျက်လိုက်မယ်လေ အိမ်ပြန်ရအောင် "

ရှောင်းကျန့် ခေါင်းရမ်းကာ

"ရပါတယ် အစည်းအဝေးကို မင်းဘဲ တက်လိုက် ငါ ရုံးခန်းထဲမှာ နေခဲ့မယ် "

"အစည်းအဝေးဖျက်လိုက်မယ် အိမ်ပြန်ရအောင် "

ရိပေါ် ဖုန်းဆက်မယ်လုပ်တော့ ရှောင်းကျန့်က

"ရပါတယ် ရိပေါ် ငါခေါင်းဘဲမူးတာပါ ၊  ငါဘာမှမဖြစ်ပါဘူး ၊  အစည်းအဝေးကလည်း ဘယ်လောက်မှကြာမှာမှ မဟုတ်တာ  အစည်းအဝေးပြီးမှဘဲ အိမ်ပြန်ကြမယ်နော်"

"အင်း ငါ မြန်မြန်လက်စသက်လိုက်မယ်"

ရှောင်းကျန့် ခေါင်းငြိမ့်ပြတော့ ရိပေါ် ဟာ ရှောင်းကျန့် နှုတ်ခမ်းလေးကို နမ်းလိုက်တယ် ။

"အားဆေးယူပြီးပြီးဆိုတော့ ငါ သွားတော့မယ် နေဉီး အပိုထပ်ယူမယ်"

ရိပေါ် ပြောကာ ရှောင်းကျန့် ရဲ့ပါးတွေရော နဖူးလေးကိုရော နမ်းနေသေးသည် ။  နမ်းနေရင်းနဲ့လည်း လည်တိုင်လေးကို ပါ နမ်းတော့ ရှောင်းကျန့် မျက်စောင်းထိုးကြည့်တယ် ။

"အဲ့လိုမကြည့်နဲ့နော် အစည်းအဝေးဖျက်ပြီး အိမ်ပြန်ပြီးတော့... "

"ဘာလဲ ဘာလုပ်မလို့လဲ "

"အခု အိမ်ပြန်ကြမလား ဘာလုပ်မလဲ သိချင်ရင်..."

"ရိပေါ် သွားပါ အစည်းအဝေးအခန်းထဲမှာ စောင့်နေကြပြီ..."

"အင်း သွားပြီ.."

ရိပေါ် ပြောရင်း  ရှောင်းကျန့် နှုတ်ခမ်းလေးကို နမ်းကာ ထွက်သွားသည် ။  ရှောင်းကျန့် ကတော့ ရိပေါ်ကို ပြုံးပြီး ကြည့်နေသည် ။

ဒေါက်.....ဒေါက်....

အခန်းတံခါး ခေါက်ကာ ဝင်လာတဲ့သူကြောင့် ရှောင်းကျန့် လှဲနေရက်ကနေထကြည့်လိုက်သည် ။

"ဝမ်ချင်....."

"ရိပေါ် မရှိဘူးလား "

သူနဲ့ဆန်ကျင်ဘက်ဆိုဖာပေါ်မှာထိုင်ကာ ခြေချိတ်ထိုင်ပြီးပြောတဲ့ ဝမ်ချင် ။

"မရှိဘူး အစည်းအဝေးသွားတယ် "

ဝမ်ချင်လည်း သူရဲ့အိတ်ထဲကနေ Make up ဘူးလေးကိုထုတ်ကာ နောက်လက်တစ်ဖက်က နှုတ်ခမ်းနီ ထောင့်လေးကို ထုတ်ပြီး  ဆိုးလိုက်သည် ။

မင်းက ငါ့အပိုင် (Complete)Where stories live. Discover now