အချစ်ဦး💘 part 37 (Fanfic)

64 0 0
                                        

အချစ်ဦး💘 (Fanfic)

Final Part💘

'တချို့အရာတွေက အကောင်းထဲကအဆိုးရတယ်
တချို့ကြလဲ အဆိုးထဲကအကောင်းရတယ်
အခု.. ကျနော်ရဲ့အခြေနေက
အကောင်းထဲကအဆိုးလား အဆိုးထဲကအကောင်းလား?  ကျနော်ကိုယ်တိုင်တောင်နားမလည်ဘူး
လျှောက်လှမ်းလာတဲ့ ဘဝတလျှောက်လုံးခက်ခဲခဲ့တယ်
ဒါပေမဲ့ ဘယ်အချိန်အဆုံးသတ်မလဲ ကျနော်မသိပေမဲ့ ခုအခြေနေအတိုင်းပုံမှန်သာဆက်သွားရမယ်ဆို အခုကအဆုံးသတ်ပဲ
ကျနော်အများကြီးနာကျင်ခဲ့ပီးပီ အဆုံးသတ်ကိုကြေနပ်ဖို့ဘဲ လိုတော့တယ်...'

1 Month Later...'
''လူကြီး နေကောင်းရဲ့လား မျက်နှာကလဲဖြူဖျော့နေတာဘဲ''
''ကောင်းပါတယ် ' ကိုယ့်ကိုစိတ်မပူပါနဲ့''
''လူကြီး ' ခုထိခံစားနေရတုံးလား ''
''ခံစားရတယ် ဆိုတာထက် လစ်ဟာသွားတယ်ဆို ပိုမှန်မယ် '
တကယ်တော့ ညီအကိုလိုခံစားချက်မိသားစုဆိုတဲ့နွေးထွေးမှု
တွေရောနေ့ရက်တိုင်းကိုရောYooကအဆင်ပြေအောင်လုပ်ပေးခဲ့တာ ''
''ကျနော်တို့ PYooအတွက် ကုသိုလ်သွားလုပ်ကြမလား? ''
''အင်း ' လုပ်မယ် သူနောက်ဘဝခုလိုအဖြစ်မျိုးနဲ့လောကကြီးက မထွက်ခွာရအောင်ကိုယ်တို့ကုသိုလ်လုပ်ပီး ဆုတောင်းရအောင်''
''ဟုတ် ''
''Prem ရေ Prem...'ငါအပေါ်တက်ခဲ့မယ်နော် ''
''အေး တက်ခဲ့လေ Fluke''
''ရော့ ''  ''ဘယ်ကစာလဲ'' 
''ငါမသိဘူး အိမ်ရှေ့မှာမင်းတို့အတွက်ဆိုပီး လာပေးသွားတာ ''
''အင်း''  ''ကလေး ဖွင့်ဖတ်လိုက်လေ ဘာလဲသိရအောင်''

📜'သား..Boun အဖေအမှားတွေအတွက်အဖေတောင်းပန်ပါတယ်
အဖေရဲ့အတ္တတွေကြောင့်မဖြစ်သင့်တာတွေအများကြီးဖစ်ခဲ့တယ်
သားနဲ့သားချစ်သူရှိတဲ့အိမ်ကိုအဖေသိပေမဲ့ အဖေမခွဲချင်တော့ဘူး Yooမရှိတော့တဲ့နောက်ပိုင်း အဖေနားလည်သွားပါပီ
Yooဘာကြောင့်သားကိုနားလည်ပေးဖို့အတွက် အဖေကိုအထပ်ထပ်ပြောခဲ့တာကို အဖေနားလည်လိုက်ပါပီ  ဒါတွေထားလိုက်ပါတော့ ခုဒီစာပို့ပေးတာအဖေစိတ်ကိုသားသိအောင်ပြောချင်ရုံပါပဲ
နောက်ပီး သားNanon က ဟိုမှာအဖေနဲ့သားညီမလေးကို လိုက်နေဖို့ခေါ်တယ် အဖေလဲ US မှာအခြေချဖို့ဆုံးဖြတ်ပီးပီ
သား အိမ်ပြန်ပီး သားအကိုနဲ့ လုပ်ငန်းတွေကိုဦးစီးနိုင်မယ်လို့ အဖေယုံတယ် သားရယ်သားချစ်သူရယ်သားကြီးရယ်အဆင်ပြေ အောင်နေကြနော်  သားတို့ရဲ့ အဖေ....''

အချစ်ဦး (Fanfic) Where stories live. Discover now