Part 24

2.5K 183 92
                                    

    အားလုံးစားသောက်ကြပြီးတော့ကိုယ်စီအိမ်ပြန်ခဲ့ကြတယ်ကျန်ခဲ့တဲ့သူများကတော့သိမ်းဆည်းကြပေါ့

လွန်း : အပေါ်တက်ကြတော့လေကိုယ်ဘဲသိမ်းလိုက်မယ်

ခခ : ဟုတ်အာ့ဆိုအားကိုးပါတယ်နော်

   ခခလည်းပြောပြီးရှေ့ကနေအရင်တက်သွားတဲ့သူနောက်ကိုပြေးလိုက်သွားခဲ့တယ်အခန်းထဲရောက်တော့.....

နှိုင်း : မင်းကငါနဲ့အတူအိပ်မှာလား

ခခ : ဟို....ဟိုဟာ မ မအိပ်ပါဘူးခေါင်းအုံးလာယူတာ

နှိုင်း : အော်ကောင်းပြီလေယူသွားလေဒါဆို

ခခ : ဟုတ် ဟုတ်

     နှိုင်းစိတ်ထဲဒီကောင်မလေးထွက်သွားမှာကိုမလိုလားသူ့ကိုအတူအိပ်မှာလားမေးတာဘလိုထင်သွားလေလဲမပြောတတ်စိတ်ထဲမှာတော့မသွားဖို့ဆုတောင်းနေပေမဲ့မပြည့်ခဲ့ခူခည်းထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်းရင်ထဲဟာတာတာသက်ပြင်းချရင်းသာအိပ်ယာပေါ်လှိမ့်ရင်းကြိတ်မှတ်အိပ်လိုက်တယ်တစ်ဖက်မှာတော့......

လွန်း : ငယ်လေး

မေ : ရှင်

လွန်း : လာပါအုံးကွာတစ်နေ့လုံးသေချာလေးတောင်မဖက်ရသေးဘူး

မေ : လာပါပြီရှင်

   လွန်းလည်းမေ့ခါးလေးကိုဖက်ကာပါးလေးကိုနမ်းရင်းတစ်ဖြေးဖြေးနဖူးလေးနှာခေါင်းလေးမေးစေ့လေးနဲ့နှုတ်ခမ်းလေးကိုနမ်းရင်းအိပ်ယာပေါ်ငြင်သာစွာလှဲချလိုက်ရင်းအနမ်းမပြတ်အပေါ်ကအုပိမိုးလိုက်တဲ့အချိန်....

ဒေါက် ဒေါက် ဒေါက်

မေ : ဟင် ကိုကို ခန ခန

ွလွန်း : ဘာလဲငယ်ရာဒီမှာအရှိန်ကောင်းနေတာကို

မေ : အွန်း...... ခနလေးကိုကိုရတံခါးခေါက်နေတယ်

ဒေါကိ ဒေါက် ဒေါက်

လွန်း : ကျစ် ဘယ်ကသာသနာဖျက်လဲဟ

မေ : ကိုကိုကလည်း

ကျွီ....

မေ : ဟင် ခခ ဘလိုဖြစ်လာတာလဲ

ခခ : ဟိုဒီမှာတစ်ညအိပ်ချင်လို့ပါးနဲ့ကဟို

မေ : အော်ရတယ်လေကိုကိုရေ

Right Person👉💏👈Where stories live. Discover now