မောင်းလာတဲ့ကားလေးသည် တငြိမ့်ငြိမ့်
ထိုကားထဲမှာ သိပ်Smartကျသလို အရမ်းချမ်းသာပြီး မောက်မာတဲ့ လူငယ်လေးပါတယ်
ကားရပ်လိုက်တဲ့နေရာ က သူနေထိုင်ရာ နဲ့ ဆန့်ကျင်ဘက်
လမ်းကြိုလမ်းကြား တစ်ခုရဲ့ ထိပ်မှာ ကားလေးရပ်ပြီး ဟွန်းတီးလိုက်၏။
မကြာပါဘူး ထို လမ်းကြားလေးထဲက ရွယ်တူကောင်လေး အမြန်ပြေးထွက်လာ၏။
နောက်ခံ background က ဆင်းရဲ ၍ ဝတ်ပုံစားပုံမှာ အချိုးကျမနေပေ သို့ပေမယ့် မွေးရာပါ ဥပဓိရုပ်အရ ကြည့်ကောင်းနေပေသည်
ကားပေါ်ရောက်ရောက်ချင်း Hand jell ဘူးနဲ့ပစ်ပေါက်ခံရ၏။
"ဒီရပ်ကွက်က တအားနံတာဘဲ "
နှာခေါင်းရှုံ့ကာ မဲ့ရွဲ့ပြောနေသူအား ဘာမှပြန်မပြောလိုက်ပေ သူပစ်ပေးတဲ့ လက်သန့်ဆေးရည်ဘူးလေးနဲ့ လက်သန့်ရှင်းရေးလုပ်နေလိုက်တာပင်
"အားး နာတယ် အကိုလေး ရ"
ဘာမှပြန်မပြောလို့ ဗိုက်ခေါက်အား ဆွဲလိမ်လိုက်မှ အသံထွက် လာ၏။
"ငါစကားပြောရင် ပြန်ပြောရမယ်ဆိုတာ မင်းမသိဘူးလား ထယ်ယောင်း"
"အင်းပါ သိပါတယ် "
"ဘာအကိုလေးလဲ ပုံမှန်အတိုင်းဘဲခေါ် ဂျီမင်လို့ခေါ် "
"မဟုတ်တာ မင်းမိဘတွေက ငါတို့အပေါ် ကျေးဇူးရှိတာဘဲ အကိုလေးလို့ဘဲခေါ်ပါ့မယ် မဟုတ်လည်းနှုတ်ကျိုးနေပြီလေ"
"တောက်စ်"
စိတ်အလို မကျ၍ ကား အား အရှိန်မြင့်ကာမောင်းထွက်လိုက်၏။
သူတို့တစ်ရပ်ကွက်စာလောက်ရှိတဲ့ ဂျီမင်တို့ ခြံကြီး ထဲ ရောက်တော့ ပိုအနေကြပ်တယ်
အိမ်လို့သာ ပြော တာ အလုပ်သမားတွေက အယောက် ၃၀လောက်ရှိတယ်
ခြံစောင့်နဲ့ ခြံထဲ ကပန်းပင်တွေ အလှဆင်ဖို့ နဲ့ ကားသန့်ရှင်းရေးအတွက်ကိုက အလုပ်သမား ၅ယောက်
အိမ်ကြီးထဲကဝေယျာဝစ္စလုပ်ဖို့ကိုက ၁၅ယောက်တဲ့
ဂျီမင့်အဖေအမေ အတွက်က အလုပ်သမား သီးသန့် ၅ယောက်