Part-19

6.6K 364 13
                                    

uni

ဒီညတော့ထီတို့သောက်ဖြစ်ကြသည်
လေးညို့ကတော့ အိပ်ချင်ဆိုကာ
ဘန်ဂလိုပြန်သွားလေပြီ

"ထီ ချကွာ "

"တော်ပြီ ဟေ့ကောင် ငါများနေပြီ"

"အဲ့မယ် အရက်ဆို သေအောင်သောက်တဲ့ကောင်က ရော့သောက်"

"မသောက်ဘူးကွာ"

ရောင်စဥ်အကြံတစ်ချက်ပေါ်သွားမိသည် ဒီအကြံသာဆို လေးညို့ရှင်
ထီကိုမုန်းသွားမှာပဲ

"သာထီရယ် နည်းနည်းလောက်သောက်ပါဦး အကိုလေးညို့မဆူလောက်ပါဘူး"

"ဟင်းးး"

ထီလည်းသက်ပြင်းချရုံသာတက်နိုင်တော့သည်ဟိုလူ မကြိုက်မှာဆိုးလိုတော့မဟုတ် တအားမူးပြီးပေါက်ကရတွေဟိုလူကိုလုပ်မိမှာဆိုးလို့ တော်ကြာလန့်သွားပြီး အနားမကပ်မကပ်ခံတော့ရင်ဘယ်လိုလုပ်မလဲ

တစ်ခွက်​ ပြီးတ​​စ်ခွက်ရောင်စဥ်ထီကိုတိုက်နေသည် ထီက တော်တော်ကြီးခေါင်းစိုက်နေပြီဖြစ်ရာ ကျန်တဲ့လူများလည်းခေါင်းမထောင်ကြတော့

ရောင်စဥ်လည်း ခေါင်းငိုက်ကြနေသည့်ထီကိုတွဲကာ သူရဲ့ ဘန်ဂလိုထဲ ခေါ်သွားဖို့ပြင်လိုက်သည် ဘန်ဂလိုတံခါးကိုသော့မခတ်ပဲ စိရုံသာပိတ်ထားလိုက်ပြီး သာထီကိုအိပ်ရာပေါ်ထိတွဲလာကာ
အကျီအားချွတ်နေသည် တော်တော်တော့မလွယ် အတင်းရုန်းဖယ်နေတာကြောင့်ဖြစ်သည်

တော်တော်ကြာမှ အကျီချွတ်လို့ပြီးသွားကာ ဘောင်းဘီ ချွတ်ရန်ပြင်တော့
ချွတ်မရ အတင်းရုန်းကန်နေတာကြောင့်
အမူးပြေသွားမှာ ဆိုးလို့ မချွတ်တော့ဘဲ
ကုတင်ပေါ်တွင်သာနေရာချပေးလိုက်သည်

ထို့နောက်သူလည်းခနာကိုယ်ရှိတဲ့အဝတ်အစားများကိုချွတ်ကာအတွင်းခံတစ်ထည်သာဝတ်ပြီး သာထီရင်ခွင်ထဲဝင်ကာ ဓာတ်ပုံများရိုက်ယူလိုက်သည် ဒီဓါတ်ပုံတွေက အခုတော့အသုံးမဝင်သေးပေမယ့် တစ်ချိန်အသုံးဝင်နိုင်တယ်လေ ပြီးနောက်
သာထီ ရင်ခွင်ကြီးထဲဝင်ကာအိပ်နေလိုက်သည် နောက်ကျရင်ဒီရင်ခွင်ကြီးကိုသူအပိုင်ရတော့မှာပါလား
ဟင်းးဟင်းး

<~~ထီ~~>Where stories live. Discover now