1

695 43 2
                                    

လက်ဖဝါးလေးပေါ် တဖွဲဖွဲကျနေတဲ့မိုးရေလေးတွေကြား သူနှုတ်ခမ်းပါးသည်လည်းအပြုံးတို့ဖြစ်တည်မိသည်။မိုးရေစက်လေးတွေက အန္တရာယ်ပေးနိုင်သလို အေးမြမှုကိုလည်းပေးစွမ်းနိုင်စွမ်းရှိသည်။သူသည် မိုးရွာတာကို သဘောကျလား မကျလားမသိပေမယ့် ဒီလိုလည်းငေးကြည့်နေရသည်ကိုသဘောကျသည်။

"ဟျွန်းဂျင် သား အထဲ၀င်တော့လေ စောစောအိပ်အုံး မနက်ဖြန် uniစတက်ရမှာမလား"

"ဟုတ်ကဲ့ မား"

အရာအားလုံးကို ဘယ်လိုဆုတောင်းမိခဲ့လဲမသိပေမယ့် ဒီလိုမိသားစုလေးမှာ မွေးဖွားလာရသည်ကိုတော့ တကယ့်ကိုပင် ကျေးဇူးတင်မိသည်။အချစ်ကိုယုံကြည်ပေမယ့် အခုချိန်ထိတော့ သူချစ်တဲ့သူအားမတွေ့သေးပေ။အများက သူ့ကိုသိထားတာကတော့ မိန်းကလေးရော ယောကျာ်းလေးရော တွဲနိုင်တဲ့ ရည်းစားရှုပ်တဲ့သူပေ့ါ။ဒါပေမယ့် ထိုသို့ဖြစ်နေရခြင်းကလည်း သူ့ကိုလာသဘောကျတယ်လို့ ပြောလာသည်ကို အားနာ၍ သနား၍ အကြောင်းအမျိုးမျိုးကြောင့် သူတွဲဖြစ်ခဲ့သည်။နောက်ဆုံးအကျိုးရလဒ်ကတော့ ကိုယ်ကိုတိုင်လည်းမပျော်ရွှင်ရသလို ရည်းစားရှုပ်တယ်ဆိုတဲ့နာမည်ကြီးက သူ့အပေါ်ဖုံးလွှမ်းခဲ့ပြန်တယ်။အတွေးတို့ကို ရှင်းထုတ်လိုက်ရင်း အိပ်စက်ရန်သူပြင်လိုက်သည်။အိပ်မက်ကမ္ဘာလေးထဲမှာတော့ လိပ်ပြာလေးတစ်ကောင်နောက်ကို သူ့ကပြေးလိုက်နေသည်တဲ့လေ။

......

"Yahhhh Lee Felix ဖုန်းမချနဲ့အုံး"

ဖုန်းထဲကနေ အော်ကြီးဟစ်ကျယ်အော်နေသော အငယ်မကြောင့် သူသက်ပြင်းချမိလိုက်သည်။ပထမဆုံးကျောင်းစတက်ရမည့်နေ့မှာတောင် ဒီလိုငမွှေထိုးနဲ့မလွတ်နိုင်သေးပေ။

"ဘာလုပ်ဖို့ အဲ့လောက်အသားကုန် အော်နေရတာလဲ"

"ကိုကို နင်က ကိုရီးယားမှာတစ်ယောက်တည်း မိသားစုလည်းရှိတာမဟုတ်ဘူး ကျောင်းမှာ အစစအရာအရာ ဂရုစိုက်နေအုံး တကယ်လို့ နင်မ‌တက်ချင်တော့ရင် ဩစတြေးလျကို ချက်ချင်း‌ပြန်လာခဲ့လို့ရတယ်နော်"

"အေးပါ အငယ်မရယ် တော်ပါတော့ ဒါပဲမလား ဖုန်းချလိုက်တော့မယ်"

𝐒𝐮𝐧𝐟𝐥𝐨𝐰𝐞𝐫 (𝐇𝐲𝐮𝐧𝐥𝐢𝐱)Dove le storie prendono vita. Scoprilo ora