အပိုင်း ၁၈

157 20 0
                                    

(Unicode)

တရိပ်ရိပ်မောင်းနှင်လာသောကားလေးသည် လူကုံတန်တို့သာခြေချနိုင်တဲ့ မကြာခင်ကမှဆောက်လုပ်ပြီးစီးထားသော အဆင်မြင့်အိမ်ရာများရှိရာလမ်းဆီ ချိုးဝင်သွားသည်။ မြေလွတ်ဝိုင်းလွတ်အချို့နှင့် သေသပ်လှပပြီးအထက်တန်းကျကျဆေးခြယ်ထားတဲ့ ကွန်ဒိုအဆောက်အဦးများကအစီအရီ။ Security အပြည့်အစုံ...၊ကားကြီးကားကောင်းများကလည်း parkingအတွင်းသူ့နေရာနှင့်သူ။ လုံခြုံရေးဦးလေးကြီးရဲ့လမ်းပြမှုအပြီး parkingနေရာလေးမှာ အချိုးအစားကျစွာ ရပ်တန့်သွားသည့်ကားလေး။

"ကဲ...ခွန်းလေး ဆင်း!"

အစ်ကိုကသူ့ကိုပြုံးပြရင်းပြောကာ ကားပေါ်မှဦးစွာဆင်းသွားသည်။ ခွန်းလည်းကြောင်တောင်တောင်လေးငေးရင်းက ကားပေါ်ကဆင်းလိုက်,လိုက်သည်။ အစ်ကိုကကားနောက်ခန်းမှ ခွန်းအဝတ်အိတ်ကိုယူပြီး ခွန်းရဲ့လက်ကိုဖမ်းဆုပ်ကာ "လာ ခွန်း" ဆို၍ ဓာတ်လှေကားလေးရှိရာကိုဦးတည်သွားသည်။

"'တင်!!"'

ဓာတ်လှေကားတစ်ထပ်ပြီးတစ်ထပ် မြင့်တက်လာတာနဲ့အမျှ တဒုန်းဒုန်းမြည်ဟီးနေတဲ့နှလုံးခုန်သံများဟာ လေးထပ်မြောက်အထပ်အရောက် ဓာတ်လှေကားပွင့်သွားသော တင်ခနဲမြည်သံနဲ့အတူ ခြေလှမ်းများမှားလောက်အောင် ဆောင့်တိုးလာတော့သည်။

ဓာတ်လှေကားပွင့်သွားပြီး လှေကားဘယ်ဘက်ရှိအခန်းတံခါးကို အစ်ကိုကpasswordရိုက်ထည့်၍ ဖွင့်လိုက်ကာခွန်းလက်ကိုပါ တစ်ပါတည်းဆွဲခေါ်သွားသည်။

"အစ်ကို...ဒီအခန်းက??"

ခွန်းရဲ့အံ့အားသင့်ပြီးဝိုင်းစက်နေသော မျက်ဝန်းလေးတွေကိုကြည့်ပြီး မင်းမြတ်ခပ်ဟဟရယ်လိုက်သည်။ ထို့နောက် ခွန်းအနားကိုသွားကာပုခုံးလေးကို တင်းနေအောင်ဆုပ်ကိုင်လိုက်ပြီး...

"ဒီအခန်းလေးက...ကိုယ်နဲ့ခွန်းလေးရဲ့သီသန့်ကမ္ဘာလေး၊ ကိုယ်တို့နှစ်ယောက်ရဲ့အမှတ်တရတွေက ဒီအခန်းလေးထဲမှာပဲရှိနေမှာ...တခြားဘယ်သူ့ဘယ််သူရဲ့မှ အရိပ်အခြည်ကိုကြည့်စရာမလိုပဲ ကိုယ်တို့နှစ်ယောက်ပဲရှိတဲ့...နေရာလေးတစ်ခုပေါ့၊ ကိုယ်တို့တွေ့ကြတဲ့အခါတိုင်း အပြင်မှာတွေ့မယ့်အစား ခုလိုဒီနေရာလေးမှာတွေ့ရတာ ပိုကောင်းမယ်ထင်လို့စီစဥ်လိုက်တာ၊ ပြီးတော့ ခုလိုခွန်းလေးတစ်ယောက်တည်းဖြစ်နေချိန်ဆိုလည်း ကိုယ်နဲ့နှစ်ယောက်အတူတူဒီအခန်းလေးမှာနေကြမယ်လေ...နော်"

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}حيث تعيش القصص. اكتشف الآن