part 9

1.7K 142 5
                                    

တွေ့ဆုံခြင်း၏နောက်ကွယ်
Part 9
>>>>>
ဖန်ရှင်းတစ်ယောက်ရိကျန့်ကိုလာကြိုရသည် ကျောင်းရှေ့မှာရပ်နေတဲ့ရိကျန့်ကိုမတွေ့တာကြောင့်ကျောင်းဝန်းထဲမှာ3ပတ်
လောက်ပတ်ပြီးကျောင်းအဝင်ဝကိုပြန်ရောက်လာသည်။ဒါပေမဲ့ရိကျန့်ကိုလုံးဝ
မတွေ့ ကျောင်းအပြင်နားတစ်ဝိုက်ကိုလျှောက်ကြည့်တော့မှ ကော်ဖီဆိုင်လေး
မှာသွားတွေ့သည်မို့ကိုယ့်မှာအပြေးလေးဝင်သွားရသည်။

"ရိကျန့်"

"ဟာ..ကိုကြီးဖန်ရှင်း"

"ဒီမှာခင်ဗျား ဘာလို့သူများကလေးကိုခေါ်သွားတာလဲ"

ယွီပင်းသူ့ကိုအော်ပြောလိုက်တာကြောင့်ကြောင်သွားသည် ဝမ်ရှောင်ကိုလာ
ကြိုရင်းနဲ့ရိကျန့်ကိုလူတစ်ယောက်ကအတင်းဆွဲခေါ်နေတာမို့ ကိုယ်ကသူ့အုပ်ထိန်းသူပါလို့ပြောပြီးကော်ဖီဆိုင်သို့ခေါ်လာရသည်
ဒါကိုများအရှေ့ကပုစိကလာပြီးတော့စွပ်စွဲသေးတယ်wang company
ရဲ့ceoကိုဘယ်သူ့မှဒီလိုမပြောရဲဘူး

"ဘာလဲဟ လူကိုများစွပ်စွပ်စွဲစွဲ ဒီမှာရိကျန့်ကိုငါကကယ်ပေးထားတာ"

"မင်းလိုရုပ်နဲ့လား ဟား..ဟား ကလေးလူကုန်ကူးတဲ့သူနဲ့တူတယ်"

"မင်း! ဘယ်ဌာနကလည်း"

"ဘာလို့ပြောပြရမှာလဲရုပ်ကိုကအူကြောင်ကြားရုပ်နဲ့"

"မင်း!"

လူကြီးနှစ်ယောက်ကလေးမဟုတ်သူငယ်မဟုတ်နဲ့ရန်ဖြစ်နေပြီးဘေးနားကသူတွေကလည်းလာကြည့်နေသည်မို့ရိကျန့်နဲ့ဝမ်ရှောင်နဲ့နှစ်ယောက်ပေါင်းပြီး
ရှင်းပြလိုက်မှငြိမ်သွားကြသည်။

"ကိုကြီးဖန်ရှင်းကလည်း ဘာမှမသိပဲနဲ့များ ဒီကကိုကိုကသားကိုကယ်ထား
တာ ကျေးဇူးတင်သင့်တယ်"

"တွေ့တယ်နော်ကလေးတောင်ပြောတယ်"

"ကျေးဇူးမတင်ပါဘူး ရိကျန့်ပြန်မယ်"

"ဟေ့!ပုစိ"

"ဘာ ပုစိလည်း ဖန်ရှင်းဗျ ဖန်ရှင်း!!"

"အင်းပါ မင်းငါ့ကိုတောင်းပန်"

"မတောင်းပန်ဘူး ပြန်တော့မယ်"

တွေ့ဆုံခြင်း၏နောက်ကွယ် {Completed }Where stories live. Discover now