Do you get Deja vu ?

1.4K 145 4
                                    


ဆောင်းဟွန်း
ကားရဲ့ ရေဒီယိုမှလာတဲ့သီချင်းအား
ဆိုကာ အိမ်ကို ပြန်လာခဲ့တယ်
ဟိုနေ့က ချောကလပ်ကိတ်ကြောင့်
အဆော စိတ်မကောင်းတာတွေ့တော့
ကျွန်တော်မနေနိုင်
အဆောကြိုက်တဲ့ စတော်ဘယ်ရီ ကိတ်လေးအား
လမ်းမှာ ဝင်ဝယ်ခဲ့တယ်
အိမ်ပြန်ရောက်လို့ သူဝယ်လာတဲ့
ကိတ်လေးတွေ့ရင် ပျော်သွားမယ့်
အဆော ရဲ့ မျက်နှာလေးအား
ပုံဖော်ကာ ကြည့်နူးနေရသေးတယ်

" အဆော မောင်ပြန်လာပြီ "

" ခွမ်းးးး "

ကျွန်တော် ဝင်လာတာတဲ့
ကျွန်တော့်ဘေးက နံရံကိုလာစင်တဲ့
ပန်းအိုးငယ်
ဘယ်သူလုပ်တာလဲ လှမ်းကြည့်လိုက်တော့
ဆိုဖာပေါ်မှာ ခရမ်းနုရောင်
အကျီကို ဝတ်ကာ
ထိုင်နေတဲ့ အဆော
ဂျုလစ်ပန်းငယ်ရဲ့
အပွင့်တွေကို တအိမ်လုံး ပြန့်ကြဲထားတဲ့
အနေအထားတစ်ခုမှာ
ဘာတွေ ဖြစ်နေတာလဲ ဆိုတော
သူမသိတော့ဘူး

နာကျည်းနေတဲ့ မျက်ဝန်းတွေ နဲ့
ကြည့်လာတဲ့ အဆောမျက်ဝန်းတွေကို
သူမခံစားနိုင်ပါ

" အဆော ဘာတွေဖြစ်နေတာလဲ "

" မကြားချင်ဘူး!!!!! 
အဆောလို့ မခေါ်နဲ့ မကြားချင်ဘူး!!
မောင်ဆိုတာတွေကော အဆော ဆိုတာကော !!"

ဆောနူ နားနှစ်ဖက်ကို ပိတ်ကာ
အော်နေတဲ့ အဆော ခန္ဓာကိုယ်လေးကို
သွားထိန်းဖို့ လုပ်တော့

" မလာနဲ့ ပတ်ဆောင်းဟွန်း
ငါ့နားကိုမလာနဲ့ မင်းခြေတစ်လှမ်းတိုးတာနဲ့
ငါ ငါ့ကို ငါ သတ်သေပစ်မှာ "

ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို
ကြည့်ကာ ဆောင်းဟွန်းအနားကို
သွားချင်ပေမယ့် မသွားရဲ
တကယ် ဆောနူ ကို နားမလည်နိုင်တော့ပါ
မနက်ထိ အကောင်းရှိသေးတယ်
အိမ်ပြန်ရောက် ဒီလိုပုံစံနဲ့

" ဘာတွေဖြစ်နေတာလဲ  ကလေးရယ်
မောင့်ကိုပြောကလေး ငိုနေတာ မကြည့်ရက်ဘူး
လို့ မောင်တန်တန်ပြောထားတယ်လေ
ဒီမှာကြည့်ပါဦး စတော်ဘယ်ရီ ကိတ်လေ
ကလေး စားချင်တယ် ဆိုလို့ ဝယ်လာတာလေ "

Do you get Deja vu ? Where stories live. Discover now