part(1)

19.4K 1.1K 46
                                    

Unicode

အချိန်က မနက်ခင်း ၈နာရီခွဲခန့်ပေါ့။

ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ကားတွေစီတန်းနေပါတယ်။ အလုပ်ဖွင့်ရက်ဖြစ်ပြီး တနင်္လာနေ့ကလဲ​ဖြစ်ပြန်ဆိုတော့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ကားတန်းကြီးကစောစောစီးစီး ပိတ်ကျပ်နေပါပြီ။

သာလွန်​ကောင်းမွန်က မြို့ပြင်ဘက်က villa ကိုပြောင်းသွားတာမကြာသေးတော့ ရုံးအထိနေ့စဥ်သွားလာရတဲ့လမ်းကြောင်းကြီးရှည်လျားနေတာကို စိတ်ပျက်မိနေပြီ။ မိဘတွေနဲ့အတူနေထိုင်ခဲ့တဲ့ သံလွင်လမ်းကအိမ်ကို နိုင်ငံခြါးသားပိုင်ကုမ္ပဏီတစ်ခုကို ငှားလိုက်တာကြောင့် သာလွန်က ကိုယ်ပိုင်ဆောက်လုပ်ထားတဲ့ Royal villa ကိုပြောင်းရွေ့ပြီး နေတယ်။ မိသားစုဆိုလို့ မြန်မာပြည်မှာ တစ်ဦးတည်းပဲရှိတာ။
အဒေါ်ဖြစ်သူနဲ့သာလွန်က မြန်မာပြည်မှာ တူတူနေထိုင်တယ်။ အေးက သာလွန့်အမေရဲ့ညီမ အပျိုကြီးပါ။ သာလွန်မှာညီမတစ်ယောက်ရှိတယ်....သူက ပိုမိုကောင်းမွန်တဲ့။
သြဇီမှာကျောင်းတက်ရင်း အိမ်ထောင်ကျနေပြီ။ သားလေးနှစ်ယောက်မွေးထားတယ်။

သာလွန်က ကိုယ်တိုင်ဆောက်လုပ်ထားတဲ့ villa မှာ နေကြည့်ချင်တာကြောင့် ပြောင်းသွားတာနှစ်လပဲရှိသေးတယ်။ မိဘတွေပိုင်ဆိုင်တဲ့အိမ်ကြီးကို အငှားချထားဖို့ ပိုမိုကတောင်းဆိုတယ်​လေ။ ကုမ္ပဏီပိုင်ရှင်က သူ့သူငယ်ချင်းတွေပဲဖြစ်နေတာရယ် သူ့ကိုအကူအညီတောင်းထားတာရယ်ကြောင့် ဒေါ်ပိုမိုက တခြားနေရာရှာမပေးဘဲ သူ့အစ်ကိုရဲ့အိမ်ကိုငှားဖို့ပြောလိုက်တယ်တဲ့လေ။ ဒါနဲ့ပဲ villa မှာအစမ်းသွားနေမယ်ဆိုတဲ့စိတ်ကူးကို စွန့်ပစ်ပြီး အနည်းဆုံးသုံးနှစ်လောက်တော့ မြို့ပြင်မှာအခြေချရမဲ့သဘောရှိတယ်။ ကိုယ့်ညီမက အကူအညီဇွတ်တောင်းနေမှတော့ သာလွန်လဲမငြင်းနိုင်တော့ပါဘူး။
ကိုယ့်မှာပိုက်ဆံမလိုပေမဲ့ လူမှုရေးကြောင့်ငှားလိုက်ရတာပါ။

အခုတော့ မနက်စောစောမှာပဲ ပိတ်ကျပ်နေတဲ့ကားတန်းရှည်ကိုကြည့်ပြီးသာလွန် စိတ်ညစ်နေရတယ်။ အေးစက်နေတဲ့ aircon ဖွင့်ထားတဲ့ကားထဲမှာ သာလွန်မျက်နှာကြီးက ရှုံ့မဲ့နေတယ်။ လူကလဲပူလာသလိုမို့ နက်ခ်တိုင်ကို လက်နဲ့ဆွဲကာ ဟ လိုက်မိတယ်။ တကယ်ကလူကပူနေတာမဟုတ်ဘူး။ စိတ်က လောနေတာ။ ခါတိုင်းဆို သာလွန်ဒီလောက်စောစောအိမ်ကမထွက်ဘူး။ ပုံမှန်ရုံးချိန်က ကိုးနာရီဆိုပေမဲ့ သာလွန်ကရုံးကိုဆယ်နာရီခွဲမှ အရောက်သွားတတ်တယ်။ သာလွန်ရောက်တဲ့အချိန်က အစည်းအဝေးစတဲ့အချိန်ပဲ။ အစည်းအဝေးကို ဆယ်နာရီခွဲအတိမှာ နေ့စဥ်ပြုလုပ်ကြရတယ်။ အဲ့သည်အချိန်ကိုတော့ သာလွန်ကအတိအကျရောက်တယ်။ ဒါက သာလွန်ကောင်းမွန်ရဲ့တိကျတဲ့ အချိန်သတ်မှတ်ချက်ဖြစ်တယ်။ CEO ရုံးတင်ချိန်ဆိုတာ တခြားဝန်ထမ်းတွေရုံးတက်ချိန်နဲ့ တစ်နာရီခွဲတိတိကွာရမယ်။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now