Astronomy ( Part-1 )

41 6 0
                                    



ငါတို့ ဒုက္ခတွေကို အတူတူဖြတ်ကျော်၊
အခက်အခဲတွေကို အတူတူရင်ဆိုင်လို့
လောကကြီးအကြောင်းကို အတူတူသင်ယူခဲ့တယ် ။
ငါ့နှလုံးသားရဲ့ပိုင်ရှင်က မင်းဖြစ်သလို
မင်းနှလုံးသားရဲ့ပိုင်ရှင်ကလည်း ငါဖြစ်လိမ့်မယ်လို့
တွေးထင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ကံကြမ္မာကြောင့် ငါတို့နှစ်ယောက်ဝေးကွာခဲ့ရတယ်လေ  .....

့                                      (  From Astronomy
 

                                          By Conan Gray )


ူ♡

အစိမ်းရင့်ရောင်မြက်ခင်းလွင်ပြင်သည်
နံနက်ခင်း၏နေခြည်နုနုအောက်ဝယ်
အစွမ်းကုန်တောက်ပနေသည် ။
မကြာသေးမီက မိုးရွာခဲ့သောကြောင့်
မြက်ပင်ရှည်များ၏အစွန်းတွင်
ပုလဲဥသဖွယ်ရေစက်ရေပေါက်များက တွဲလွဲခိုလို့  .....
ကျောမှီထားသော ပင်စည်ညိုရင့်ရင့်ထံမှ သစ်ခေါက်စိမ်းရနံ့အား ဆွတ်ပျံ့စွာခံစားရသည် ။
ဖတ်လက်စရုပ်ပြစာအုပ်ကို
ပေါင်ပေါ်သို့တင်ထားလိုက်၍ ကြွေနေဆဲထင်းရှူးရွက်ဝါများကို လိုက်လံရေတွက်နေမိသည်။

ခပ်လှမ်းလှမ်းရှိ ဘုရားကျောင်းငယ်ထံမှ
လေနှင့်အတူ လွင့်ပျံ့လာသော
ကြည်နူးဖွယ်ဆည်းလည်းသံတစ်စွန်းတစ်စအား
ခပ်သဲ့သဲ့ကြားနေရသည် ။
တောင်ကုန်းထက်ရှိ ဘုရားကျောင်းထိပ်မှစတင်ကာ
အောက်ဘက်မြက်ခင်းပြင်တစ်လျှောက်
ခင်းကျင်းထားသည့် ကျောက်စရစ်လမ်းလေးမှ
အဖြူရောင်ကျောက်အစအနများသည်
နေရောင်ခြည်ကြောင့် ပုလဲဖြူများပမာ
တစ်လက်လက်တစ်ဖြာဖြာတောက်ပနေသေးသည် ။

" သား ...  jongin ... "

စစ္စတာကြီး၏ခေါ်သံကြောင့် ဖတ်လက်စစာအုပ်ကို
ပိတ်လိုက်၍ ခပ်ရို့ရို့မတ်တပ်ရပ်လိုက်သည် ။

အလို ... စစ္စတာကြီးတစ်ယောက်တည်းမဟုတ်ပါလား ။
စစ္စတာကြီး၏အနောက်တွင် ပြူးဝိုင်းသောမျက်ဝန်းတစ်စုံဖြင့် ဟိုသည်ကြည့်ကာ
စူးစမ်းနေသော jongin နှင့်ရွယ်တူခန့်သာရှိဦးမည့်
ကောင်လေးတစ်ယောက် .....

You've reached the end of published parts.

⏰ Last updated: Jan 30, 2022 ⏰

Add this story to your Library to get notified about new parts!

AstronomyWhere stories live. Discover now