𝐍𝐨𝐭 𝐀𝐧 𝐀𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧 , 𝐀 𝐋𝐨𝐯𝐞

878 149 22
                                    

➪ 𝐓𝐡𝐨𝐮𝐠𝐡 𝐈𝐭'𝐬 𝐀 𝐂𝐇𝐀𝐍𝐂𝐄 , 𝐒𝐭𝐢𝐥𝐥 𝐀 𝐋𝐈𝐄.

• •

- UNICODE -

" ဒီလိုပဲ အပျင်းတစ်လေး လုပ်နေတော့မှာလား။ "

" ဇိမ်ရှိတယ်လေ။ "

" အောဟော "

ဒင်ဘယ်က မျက်နှာလေး မဲ့ပြသည်။ သူ့ပေါင်ကို ခေါင်းအုံးတစ်လုံးသဖွယ် သဘောထားပြီး ဇိမ်ကျစွာ လဲလျောင်းနေတဲ့ ဂျေးကတော့ သူ့စိတ်တိုင်းကျ ဖြစ်နေတာကြောင့် ကျေနပ်ပြုံးဖြင့်။

" မှဲ့လေးက လှလိုက်တာ "

မှေးနားက မှဲ့ကလေးကို ဖွဖွလေး တို့လိုက်တော့ ဒင်ဘယ်က မျက်ခုံးပင့်ပြသည်။ အနှီလူသားဟာလေ သူ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လျှင် သိပ်ကို ယုံကြည်မှုလွန်ကဲလွန်းပါသည်။ အပြစ်တော့ မဆိုနိုင်ပါ။ သူ့ပိုင်ဆိုင်မှုတစ်ခုချင်းစီက အဖိုးတန်လွန်းနေသည် မဟုတ်လား။

" လက်ရဲဇက်ရဲရှိလိုက်တာ ဂျေး။ "

သူ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုကြောင့် အနည်းငယ် လန့်သွားပုံရသည့် ကောင်လေးက မျက်ခုံးတွေကို တွန့်ချိုးပစ်သည်။ သူပြောသလိုမျိုး လက်ရဲဇက်ရဲနိုင်လွန်းတဲ့ ဂျေးကတော့ အစောက အကြင်နာတစ်ပွင့် ခြွေလိုက်သည့် မှဲ့နေရာလေးကို တို့ထိနေပြန်သည်။ စိတ်မဆိုးမှန်း ဂျေးသိတာပေါ့။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အချိန်အနည်းငယ်အတွင်းမှာတင် အဓိပ္ပါယ်ယူရခက်လာတဲ့ ဆက်ဆံရေးမျိုး ဖြစ်ချင်ဖြစ်မည်။ တစ်ထောင့်တစ်နေရာမှာတော့ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာတဲ့ ဆက်ဆံရေးလည်း ဖြစ်လာသည်။

" အိမ်တော်ကို လိုက်ခဲ့ပါလား။ "

ဒါနဲ့ဆို ဆယ်ကြိမ်လောက်ရှိပြီလား။ ဆယ်ကြိမ်အထက်တောင် ရှိနေပြီလား။ အိမ်တော်ကို အလည်လိုက်ခဲ့ဖို့ ခဏခဏ ဂျီတိုက်နေတတ်တဲ့ ဂျေးက ကြာလေကြာလေ ကလေးလေး ဖြစ်လာလေပါပဲ။ ခက်တာက သည်နေရာကနေ ဘယ်မှသွားခွင့်မရှိဘူးလေ။ သည်နေရာနဲ့ သူ့အိမ်တော်မှာသာ နေခွင့်ရှိသည့် သူ့အဖို့ ဂျေးရဲ့ဂျီတိုက်ခြင်းတွေကို အကြိမ်များစွာ ငြင်းဆိုခဲ့ရသည်။

𝖣𝗂𝗆𝗉𝗅𝖾'𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now