My vicious boss (part 19) Zawgi
အိပ်ယာထက်တွင် ဦးတံခွန်ရင်ဘတ်ပေါ်၌မှောက်ကာ တီတီတာတာတွေဆိုနေသော မှုး
"မှုးက ဉီးလေးကြီးကိုလွမ်းနေတာ အဟင့်
လူဆိုးကြီး လူကိုအကြာကြီးပြစ်ထားတယ် ဟွန့်"
"ဟားးးး ဟားးး ဘယ်ကသာကွာ ကိုယ်လည်းမှူးနဲ့မခွဲနိုင်ပါဘူး အလုပ်တွေကြောင့်ပါ"ဟု ပြောကာ မှုးကိုတင်းကြပ်စွာဖက်ထားသောဉီးတံခွန်
................တစ်ကယ်တော့ မှုးထက်ပိုင်ဆိုတာ ဦးဟိန်းရဲ့အဆက်ဟောင်းလို့ပဲဆိုရမလား
သေချာပြောရရင်
တစ်ညတာ ဟုတယ် အဲ့ညကသာဦးဟိန်းနဲ့မမှားခဲ့ရင်သူတို့မှာပတ်သတ်မှုဆိုတာရှိလာမှာမဟုတ်ဘူး
ဒါပေမယ့် မှားတယ်လို့လဲမဆိုသာ
ဟူးးးး ရှင်းပြရရင် တယ်လဲရှုပ်သကိုးဦးဟိန်းအသက် 27 လောက်မှာဖြစ်လိမ့်မယ်
လုပ်ငန်းအတူတူလုပ်ရင်း ခင်မင်လာတဲ့
စီးပွားပါတနာ ဦးလွန်းနောင်ဆိုတဲ့သူနှင့်ရင်းနှီးမြှုပ်နှံ့မှုတစ်ခုပြုလုပ်ခဲ့သည်6ပေကျော်နေသောဉီးလွန်နောင်၏အရပ် လေးထောင့်ကျကျ ကျယ်ဝန်းသောပုခုံးတွေ အမြဲပြုံးနေတက်သောနှုတ်ခမ်းပါးတွေက မြင်သူတိုင်းငေးမောချင်စရာ
တစ်နေ့ ဦးဟိန်းနဲ့အလုပ်ကိစ္စပြောဖို့ချိန်းထားတဲ့ ဦးလွန်းနောင်ဇာတ်လမ်းကအဲ့ကစတာပဲ
ဦးလွန်နောင်၏ ရည်းစားဖြစ်ဟန်တူသော ကောင်ငယ်လေးတစ်ယောက်
ဉီးလွန်းနောင်လက်ကိုချိတ်ကာ ဉီးဟိန်းဆီရောက်လာသည်"sorry ko hein ရာ နဲနဲနောက်ကျသွားတယ် ဒီမှာလေ ကျွန်တော့်အချစ်က နဲနဲရစ်နေလို့ဗျာ ဟားး"
ရယ်သွေးသန်းကာ ဆိုသော ဉီးလွန်းနောင်၏စကားကို အပြုံးဖြင့်သာ ပြန်တုံ့ပြန်ရင်း
"ရပါတယ်ဗျာ"
ဉီးဟိန်းနဲ့ဉီးလွန်းနောင်စကားပြောပြီးသည်အထိ ဉီးဟိန်းကိုသာစိုက်ကြည့်နေသောမှုးထက်ပိုင်
"ok အဲ့တာဆို အဆင်ပြေပြလေက်တွဲကြတာပေါ့ကိုဟိန်း"
"ကောင်းပါပြီဗျာ"
"အဲ့တာဆို ခွင့်ပြုပါအုံးကိုဟိန်း"
"ဟုတ်ပြီ"
ထွက်သွားသည့်တိုင်ဉီးဟိန်းကို လည်ပြန်လှည့်
ကြည့်နေသောမှူး မျက်လုံးတစ်ဖက်ကမှိတ်ပြသွားသေး"Boss အဲ့ကောင်လေးမရိုးသားဘူး"
လျှမ်းထက်အပြောကိုခေါင်းငြိမ့်ပြကာ
"ငါသိတယ် ပိုင်းလုံးလေးနေမှာပေါ့"
"အဲ့တာကို ဉီးလွန်းနောင်က သဲသဲလှုပ်နေသေးတယ်"
"အဲ့တာမင်းနဲ့ဘာဆိုင်လို့လဲ"
"ဟဲဟဲ ဘာမှတော့မဆိုင်ဘူး ဒီတိုင်း.."
"သူများအကြောင်းစပ်စုမနေနဲ့ တည်ငြိမ်ခန့်ညားတဲ့ငါ့လက်ထောက် လျှမ်းထက်ဘယ်ရောက်သွားပါလိမ့်"
"ဟွန့် လူကိုဆူမယ်ဆိုတာကြီးပဲ"
လျှမ်းထက်စိတ်ထဲကသာဆိုလိုက်ချင်း
ထုတ်ပြောမိရင် ရေးဝေးမရောက်ခင် ခေါင်းပျောက်လို့ရှာနေရမယ် ဟူးးး"
YOU ARE READING
My vicious boss
Romanceကိုယ်နေတဲ့တိုင်းပြည်မှာ စစ်ဖြစ်လို့ ပြေးရှောင် ထွက်ပြေးရင်း တိုင်းတစ်ပါးသို့ရောက်သွားခဲ့သည့်ကောင်လေး ကံကောင်းချင်တော့ သူဌေးကြီးတစ်ဦးထံမှာ အလုပ်ရခဲ့သည် သို့သော် ပြန်ရောင်းစားခံလိုက်ရသောအခါ🙂 ဘာဆက်ဖြစ်မလဲ😁 သိချင်ဆက်ဖတ်ကြည့်လိုက်တော့😘😘