Zawwgyi code
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကကြီးစိုးနေပြီး ဘာကိုမှ သူမ သဲသဲကွဲကွဲမမြင်ရပေ။
ထို့ပြင်တင်းကြပ်တဲ့အထိအတွေ့ကြောင့် သေချာကြည့်မိလိုက်တော့ ယောကျာ်းကြီး 5ယောက်လောက်က သူမကို ဝိုင်း၍ဖမ်းချုပ်ထားကြလေသည်။သူမချက်ချင်းပင်အတင်းရုန်းကန်နေစဉ် သူမမျက်စိရှေ့အလင်းတန်းတစ်ခုပေါ်လာကာ အဖေဖြစ်သူကို တွေ့လိုက်ရသည်။ထို့ကြောင့်မျက်ရည်များ ဝိုင်းလာကာ အဖေဖြစ်သူဆီသို့ သွားဖို့ကြိုးစားလေသည်။ သို့ပေမဲ့ထိုလူများက သူမကိုအတင်းဆွဲကာဖမ်းချုပ်ထားဆဲပင်။"လွှတ် ကျွန်မကိုလွှတ် ကျွန်မဒယ်ဒီဆီသွားမယ် အခု ဖယ်ပေးကြ"
"ကျွတ်စ်!ပြောနေတာမကြားဖူးလား ဖယ်ပေးလို့.."
"သမီးရယ်.."
"ဒယ်..ဒယ်ဒီသမီးကိုခေါ်နေတာလား..သမီးဒယ်ဒီ့ဆီလာခဲ့မယ် ဘာလို့ဒီလူတွေကသမီးကိုမဖယ်ပေးပဲ အတင်းဖမ်းချုပ်ထားနေကြတာလဲမသိဘူး ကူပြောပေးပါဦး ဒယ်ဒီရယ်..."
"သမီးလေး ဒယ်ဒီ့ကိုကယ်ပါဦး သမီးရယ်.."
"ဒယ်ဒီဘာပြောနေတာလဲ သမီးဘာတစ်ခုမှမကြားရဘူး ဒယ်ဒီ အဆင်ပြေရဲ့လား.."
"ဒယ်ဒီသမီးကိုအရမ်းချစ်တာကို သမီးသိတယ်မလား ဘယ်တုန်းကမှဒယ်ဒီထုတ်မပြခဲ့ပေမဲ့..အား!!သမီးလေး"
"ဒယ်ဒီဘယ်ရောက်သွားတာလဲ ဖယ်ကြ ဖယ်ကြ ကျွန်မကိုလွှတ်..ကျွန်မဒယ်ဒီ့်ဆီသွားမယ်"
"ဖယ်ပေးလို့ပြောနေတာမကြားဘူးလား ဖယ်လို့!!!"
သူမအတင်းရုန်းကန်ကာ အော်ဟစ်နေပေမဲ့ ထိုလူများက သူမကိုမလွှတ်ပေးသည့်အပြင် အဝေးကြီးသို့တွန်းထုတ်လိုက်ကြလေသည်။ထို့ကြောင့်သူမလန့်နိုးကာ ချက်ချင်းပင် ဆတ်ကနဲ
ထထိုင်လိုက်သည်။"ဟင်း ငါအိမ်မက်မက်နေတာလား?...ဒယ်ဒီဆုံးပြီးမှငါ
ဘာလို့ထူးထူးဆန်းဆန်းဒယ်ဒီကိုအိမ်မက်မက်ရတာလဲ?နောက်ပြီးအိမ်မက်ထဲမှာ ဒယ်ဒီကငါ့ကိုတစ်ခုခုပြောနေခဲ့သလိုပဲ ငါဘာလို့ဘာမှမကြားတာလဲ ဒယ်ဒီပြောတာကို..."အတွေးပေါင်းများစွာနဲ့ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်8နာရီထိုးနေပြီဖြစ်၍ အိပ်ယာထဲမှထလိုက်ကာ ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်လေသည်။