Zawgyi

79 10 2
                                    

"Kim JunMyeon............"

အသံပလံတွေဆူညံနေတဲ့ Club ထဲရဲ့တစ်နေရာဝင်ပေါက်နားက ခပ်အုပ်အုပ်ထွက်လာခဲ့တဲ့ ဒီအသံမှာ မတည်ငြိမ်တဲ့ဒေါသတွေပါနေတယ်။ အားလုံးရဲ့အကြည့်တွေကလဲ ဝင်ပေါက်နားမှာရပ်နေတဲ့သူဆီ ဒိုင်းခနဲရောက်သွားလေရဲ့။ သီချင်းသံကလဲ တိခနဲရပ်သွားတယ်။ ခေါ်လိုက်သူကတော့ မျက်လုံးတွေနီနေတဲ့အထိဖြစ်နေပေမယ့် အခေါ်ခံလိုက်ရတဲ့သူကတော့ ကျစ်ခနဲသာ တစ်ချက်စုတ်သပ်လေတယ်။

Dancing floorကနေပြီး သူ့နာမည်ကိုခေါ်လိုက်သူရှိရာ ဝင်ပေါက်ဆီကို တစ်လှမ်းချင်းလျှောက်လာခဲ့တဲ့ အဲ့ယောက်ျား။ ခန္ဓာကိုယ်အတွင်းပိုင်းထိ ထိုးဖောက်မြင်ရလောက်အောင် ရှည်လျားပါးလျတဲ့အနီရောင်အင်္ကျီကိုဝတ်ထားတဲ့ အဲ့ယောက်ျားက Clubထဲမှာရှိနေတဲ့ လူတိုင်းရဲ့အကြည့်ကိုသိမ်းယူသွားတယ်။ အဲ့ယောက်ျားရဲ့ နာမည်က Jun Myeon တဲ့။ Kim Jun Myeon...။

.................

Club ရဲ့ခေါင်းမိုးထပ်မှာ ယောက်ျားနှစ်ယောက်ရပ်နေကြတယ်။ တစ်ယောက်က ခုနကအနီရောင်လေး။ နောက်တစ်ယောက်ကတော့ long coat အညိုရောင်ကို smart ကျကျဝတ်ဆင်ထားတဲ့ ခုနကဝင်ပေါက်ကနေ အနီရောင်လေးနာမည်ကို ခေါ်လိုက်တဲ့သူ။ အဲ့ဒီသူနာမည်က Zhang Yixing...။

"ဘာလာလုပ်တာလဲ မောင်... ငါ့ကိုအရှက်လာခွဲတာလား... လူတွေရှေ့မှာ..."

လေသံကပျော့ပျော့ပျောင်းပျောင်းပါပဲ။ သူ့ဘာသာသူ စိတ်ပျက်နေတဲ့အသံထွက်သွားတာတော့ မတတ်နိုင်ဘူး။ သူ့ရှေ့လူက သူ့ကိုစိတ်ပျက်အောင်ခဏ ခဏလုပ်နေခဲ့တာကိုး....။

"Jun... အပိုတွေလုပ်မနေစမ်းပါနဲ့ကွာ... မင်းမောင့်ကိုစိတ်ဆိုးရင် မောင့်ကိုလာရိုက်ကွာ... ထိုးရင်လဲထိုးလိုက်... နော်..."

အတည်ကြီးတွေပြောနေတဲ့ သူ့ရှေ့ကလူကို သူဟားတိုက်ရီပြလိုက်တယ်။

"ဟား... ဟား ဟား... ငါကဘာကိုစိတ်ဆိုးရမှာလဲ... ပြီးတော့ မင်းသိတဲ့အတိုင်း ဒါငါ့ပုံစံပဲလေမောင်ရဲ့... အရင်ကထဲက ငါကSocial ကျတဲ့... အပေါင်းသင်းများတဲ့... ခပ်ရှုပ်ရှုပ်လူတစ်ယောက်ပဲလေ..."

"Jun... မောင် ရှင်းပြမယ်... အဲ့ကောင်မလေးက မောင့်ဂျူနီယာလေးမို့လို့ မောင်ကပိုဂရုစိုက်ပေးရုံပဲ... အဲ့ထက်မပိုဘူး... မနက်ကတွေ့ခဲ့တယ် ဆိုတာကလဲ.........."

Hyacinth(One shot)Where stories live. Discover now