Part-20(အခန်း-13ဆရာတပည့်နှစ်ယောက်ထဲတစ်ကမ်ဘာ)

375 31 1
                                    


Uni

လော့ချင်းချန်နေ့လည်ခင်းဘက်တွင်ဇာတ်လိုက်ကို ခေါ်ပြီး သူကိုယ်တိုင်ထမင်းခွင့်ကျွေးပြီး သူလည်းပဲအတူတူစားသည်။

လော့ချင်းချန်သည် မသေမျိုးရွှေအမြူတေအဆင့် ဖြစ်သည့်အတွက် အစားစားရန်လည်း မလိုအပ်ပေ သို့သော်

ထမင်းဝိုင်းဆိုတာ တစ်ယောက်ထဲစား ရတာထက် ဘေးမှာတူတူစားတဲ့သူ ရှိတာပို စားကောင်းတယ် ဆိုတဲ့စကားလည်း ရှိတယ်လေ

အဲတော့ဇာတ်လိုက်ပါ စားကောင်းအောင်သူပါအတူတူ ထိုင်စားပေးသည်။

"ယီချင်း.... ရော့ဒါလေးကောထည့်စား ဟိုဟာကောဒီဟာကော"

လော့ချင်းချန်သည် ဝမ်ယီချင်း ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးတာများလွန်း သဖသ့် ပန်းကန်ထဲတွင် ထမင်းတောင် မမြင်ရတော့ပေ ဟင်းများက တောင်လိုပုံနေသောကြောင့် ဖြစ်သည်။

"..............."

ဝမ်ယီချင်းတစ်ယောက် ပြောစရာစကားများ မရှိတော့ချေ သူ့ရှစ်စွမ်းသူ့ကို သူကိုယ်တိုင်ကျွေးမယ်ဆိုတာ ဒီတိုင်းစကားအဖြစ်ပဲပြောတယ်လို့ထင်နေမိတာ ခုတော့ သူ့ပန်းကန်ထဲတောင်လိုပုံနေသောဟင်းများကိုကြည့်ပြီး ဘယ်လိုလို့ကုန်အောင်စားရ ပါလိမ့်ဟု တွေးမိသည်။

သို့သော်လည်း သူ့ရှစ်စွမ်းက သူနဲ့အတူတူပါထိုင်စား ပေးနေသဖြင့် အလွန်ပင်
ပျော်မိသည်။

*ရှစ်စွမ်း ကိုယ်တိုင်ချက်ကျွေးတဲ့ ဟင်းတွေဆိုရင် ပိုကောင်းမှာပဲ ခုဟင်းတွေနေရာမှာ*

ဝမ်ယီချင်း တစ်ယောက် အနည်းငယ်လောဘတတ်မိလာသည်။ သူမေတ္တာများ နွေးထွေးမှုများ မရခဲ့တာကြာသည့်အတွက် သူပို၍ပင် လောဘတတ်မိချင်သည်။

"ယီချင်း..ဟင်းတွေကကြည့်ရတာကျန်းမာရေး နဲ့သိပ်မညီညွတ်ဘူး နောက်နေ့စားဖိုဆောင် သွားပြီး ဆရာကိုယ်တိုင် ချက်ကျွေးမယ်ခုတော့ ဒါပဲအရင်စားလိုက်တော့"

လော့ချင်းချန် ဟင်းပွဲများကို ကြည့်ပြီး အာဟာရမမ်ွတ သဖြင့်သူကိုယ်တိုင် ချက်ဖို့ဆုံးဖြတ် လိုက်သည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now