1-သေစေနိုင်လောက်တဲ့သစ္စာဖောက်မှု

783 71 6
                                    

Unicode

အရင်ဘဝတုန်းကငါ့မှာရှိတဲ့အရာအားလုံးကိုကံကြမ္မာကယူဆောင်သွားခဲ့တယ်။ဒါကငါ့အတွက်အကောင်းဆုံးဖြစ်တည်မှုဖြစ်တဲ့မင်းနဲ့တွေ့ဆုံဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် -ဂုဝေဝေ

"သမီးအခြေအနေနဲ့သမီးအကြာကြီးအသ္ကက်မရှင်နိုင်တော့ဘူး။ဒီအခွင့်အရေးကိုလွတ်သွားခဲ့ရင်ဒီဘဝမှာ သမီး Bombay သွေးနဲ့နှလုံးကိုရနိုင်မှာမဟုတ်တော့ဘူး။မေမေ..သမီးမသေချင်သေးဘူး။သမီး.. တစ်ကယ်ကို မ....."

"ဒါမဲ့ သူက အရင်တုန်းကသမီးအသက်ကိုကယ်ခဲ့တယ်လေ..."

"အဲ့တော့ဘာဖြစ်လဲ။သူမက ဘယ်လိုတောင်စက်ဆုပ်ဖွယ်ကောင်းတဲ့မိန်းမလဲဆိုတာကို မေမေ ခုထိမသိသေးဘူးလား။သူမရဲ့နေ့စဥ်ဘဝကမသန့်ရှင်းဘူး။သူမက အပြောင်းအလဲများပြီးတော့သမီးနဲ့ သမီးအချစ်ဆုံးယောကျ်ားကိုဝေးကွာအောင်လုပ်ခဲ့တယ်။သူမကသမီးကို အများကြီးကြွေးတင်ထားတယ်။သူမရဲ့နှလုံးနဲ့ ပြန်ပေးဆပ်သင့်တယ်။ဒါ သူမရဲ့ကံကြမ္မာဘဲ။ မေမေ... သမီးတကယ်ကိုမသေချင်သေးဘူး။ မေမေနဲ့မခွဲချင်ဘူး..."

ICUရဲ့လူနာကုတင်ပေါ်တွင် ထိခိုက်ဒဏ်ရာ ရထားပြီး၂လလောက်မေ့မြောနေသော ဂုဝေဝေ သည် နောက်ဆုံးမှာအသံတစ်သံကြားခဲ့တယ်။

ဒါဘယ်သူ့အသံလဲ??
လင်းယန်လား??

လင်းယန်ကမွေးရာပါနှလုံးရောဂါခံစားနေရတာ။ ရှားပါးတဲ့သွေးအမျိုးအစားကြောင့်သူမက နှလုံးအစားထိုးကုသမှုမလုပ်နိုင်ခဲ့ဘူး။ ဆရာဝန်ကသူမကိုအသက်၂၅နှစ်ထက်ပိုမနေရဘူးလို့ကောက်ချက်ချထားခဲ့တယ်။

ငါနဲ့သူမက သွေးအမျိုးအစားတူတူဘဲဖြစ်နေခဲ့တယ်။

သူမငါ့နှလုံးကိုလိုချင်တယ်လို့ပြောနေတာလား။

သူမ အားကုန်သုံးပြီးမျက်လုံးဖွင့်ဖို့ကြိုးစားတယ်။

ငါမသေသေးဘူး။ ငါ့နှလုံးကိုမပေးနိုင်ဘူး။
ရုတ်တရက် ဂျီဖန် ကုတင်ပေါ်က မိန်းကလေး မျက်လုံးဖွင့်တာတွေ့ပြီး ဖြူဖျော့သွားတယ်။
".....ဝေဝေ"

လင်းယန် မျက်နှာပြောင်းလဲသွားတယ်။သူမက အသံလည်းကြားရောကုတင်ဘက်ခေါင်းလှည့်ကြည့်လိုက်တယ်။သူမကြောက်ရွံ့ထိတ်လန့်သွားတယ်။

ချိုမြိန်သောအချစ်Where stories live. Discover now