1.5K 132 6
                                    

Unicode

ခြောက်ကပ်နေတဲ့တိုက်ခန်းထဲမှာ မင်းနဲ့ငါ...

သိပ်မုန်းဖို့ကောင်းလွန်းတယ် သို့သော်အရမ်းချစ်ခဲ့ပါသည်။ လူတိုင်းနဲ့တွေ့ဆုံခွင့်ရခဲ့လို့ ပျော်ခဲ့ပါတယ် အဲ့ထဲခင်ဗျားကတော့မပါဘူး ခင်များနဲ့တွေ့ခဲ့လို့ ကိုယ်ဘ၀ကြီးကိုယ်တောင်စိတ်ကုန်လာတဲ့အထိ ဖြစ်နိုင်ရင် အဝေးဆုံးပြေးထွက်ချင်လိုက်တာ ဒါပေမယ့် အခုတော့ ကျွန်တော်ပြေးမထွက်တော့ဘဲ ခင်များကိုဘဲ အဝေးဆုံးကိုပို့ပစ်မှာ..

"မောင် ပြန်လာပြီ "

"....."

"ဘယ်တွေ၀င်ခဲ့သေးလဲ မောင်"

ခင်များပါးစပ်ကထွက်လာတဲ့ ဒီစကားလုံးတွေကိုမုန်းလွန်းတယ် လွန်ခဲ့တဲ့ ချစ်စိတ်မွှန်ချိန်တုံးကသာယာနေပေမယ့် အခုသံရည်ပူလို့ဘဲ ချုပ်ခြယ်တာကိုသိပ်မုန်းတယ် ခင်များဦးနှောက်ထဲပိုလျှံနေတဲ့အတွေးတွေကို မုန်းလွန်းတယ်။

"ကျစ်.. ဘယ်သွားသွားပေါ့"

"‌ဘယ်လိုပြောလိုက်တာလဲမောင် ဘာတွေဖြစ်လာလို့လဲ"

"စိတ်ကုန်လာလို့ပေါ့ဗျာ"

သူရဲ့လက်ချောင်းရှည်များဖြင့် ကောက်ပြီအနည်းငယ်‌ရှည်လျားနေတဲ့ အနက်ရောင်ဆံနွယ်တွေဆွဲဖွပစ်လိုက်တယ်
အိုမောင်ရယ် ငါ့ကိုစိတ်ကုန်နေပြီပေါ့ ဘယ်သူ‌ကြောင့်လဲမောင်..

"ဘယ်သူကြောင့်လဲ ငါ့ကိုမောင်စိတ်ကုန်သွားတာသူကြောင့်လားမောင်"

"ဘယ်သူကြောင့်မှမဟုတ်ဖူး ခင်ဗျားကြောင့်ဘဲ အဲ့လို ရှိသမျှမော်ဒယ်တွေနဲ့ လိုက်ပြီး ဖောက်ပြန်နေတာလားဆိုတဲ့မျက်၀န်းတွေကြောင့် သ၀န်တိုတာတော်ယုံဘဲကောင်းမယ် ကျုပ်က ကင်မရာမန်း မော်ဒယ်တွေနဲ့ထိတွေ့ရမှာဘဲ ဒါအလုပ်လေ ဘာလို့မယုံသင်္ကာမျက်လုံးတွေ‌လဲ"

"ငါစိတ်ပူခွင့်မရှိဖူးလား မောင့်ကို ငါဆီကဆွဲထုတ်သွားမဲ့ဖြစ်ရပ်ကို ငါလုံး၀ခံနိုင်ရည်မရှိဖူး မောင်မသိပေမယ့်ငါကမြွေမြွေချင်းမို့ခြေမြင်တယ် ဖြစ်နိုင်ရင် မောင့်ကိုဒီအလုပ်ကိုမလုပ်စေချင်တော့ဘူး မိန်းကလေးတွေတပူးပူးတတွဲတွဲရှိနေတာ ငါရင်ထဲမီးလို့ဘဲ သူတို့ဆီကမောင်ကိုလုယူတော့မယ်ဆိုတဲ့အကြည့်တွေက ငါကိုကြောက်ရွံနေမိစေတယ်"

Bʟᴀᴄᴋ Bʟᴏᴏᴅ ☢︎︎ ||𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝||حيث تعيش القصص. اكتشف الآن