5days without YOU

437 1 0
                                    

ကိုကို ကလေးတို့ပြန်ဆုံနိုင်ဦးမလား? .... ပြန်ဆုံဖြစ်ခဲ့ရင်တောင် ချစ်နိုင်ပါဦးမလား?...ညီမရင်ထဲမှာ မေးခွန်းများစွာနဲ့ပူလောင်နေရပေမဲ့ အစ်ကို့အတွက် တော့ ညီမ မရှိတဲ့ နေ့ရက်တွေက ပိုပျော်နေဦးမလား?

တွေးမိတယ်....နောက်နှစ်တွေကြာလို့ ပြန်တွေ့ကြရင် အစ်ကို့ဘေးမှာ ညီမ မဟုတ်တဲ့ အစ်ကို ချစ်ရတဲ့သူ ​ရောက်နေမလား...သူကရော အနိုင်တွေအကို့ကို ကျင့်နေမလား...ညီမကတော့ အမြဲ အလျော့ပေးနေရသူမို့ အဲ့လိုပုံရိပ်တွေကို ရင်နာနေမလား....အစ်ကိုပျော်ရွှင်ရင်ပြီးတာပဲလို့ရောတွေးနိုင်ရမလား...အတ္တကြီးတာများလား တစ်ကိုယ်ကောင်းဆန်တာများလားတွေးမိပေမဲ့ ကိုယ်ချစ်တဲ့လူကို အပိုင်လိုချင်မိတယ်....လူတိုင်းက တစ်နေ့ခွဲရမှာပါပဲ ဒါပေမဲ့ အသက်ရှိနေ့တဲ့နေ့ရက်တိုင်းတော့ ကိုယ်ချစ်ရတဲ့သူနဲ့ အတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း မိချင်တယ်....အစ်ကိုကရော အရင်လို တစ်ယောက်ထဲနေချင်တုန်းပဲလား...သူများတွေကိုချစ်ခဲ့သလောက် ညီမကို မချစ်သေးဘူး လား...ဘယ်တော့များရော ချစ်လာဦးမှာလဲ? ???

တစ်ခါတလေ အတွေးများပြီး မေးခွန်းပေါင်းစုံနဲ့ ညီမတွေးမိသလောက် အဖြေလဲမရှိခဲ့ပါဘူး....ရှိရင်တောင် အဲ့အဖြေဟာ ညီမလက်ခံနိုငိတဲ့ အဖြေမဟုတ်လို့ မရှိဘူးလို့ပဲငြင်းနေမှာပါ....

Diary of Memory Where stories live. Discover now