My anger burst into Tear

218 0 2
                                    

ချစ်ခဲ့လား? ....

အဲ့လိုမေးခွန်းတွေမေးပါများတော့ ကိုကို ကလေးကို စိတ်ညစ်မှာပဲနော်....

ကလေးရဲ့အတွေးတွေထဲမှာလဲ....အစ်ကို့ဆီက တစ်ခါမှ မချစ်ခဲ့တာလို့ ရိုးရိုးသားသား ဖြေတာကို ကလေးက လိုချင်တာလား...အစ်ကို့ဆီက တကယ်ချစ်ပါတယ် ဆိုတာ ကြားချင်တာလား ....မသဲကွဲဘူး....
ဘယ်လို မေးခွန်းပဲ မေးမေး အစ်ကို မဖြေခဲ့ပါဘူး...ညီမအဲ့လောက်တောင် စိတ်ညစ်စရာကောင်းလားဟင်...ချစ်လားလို့မေးတိုင်း သက်ပြင်းချရတဲ့အထိလေ...ညီမရဲ့စိတ်ထဲရော အစ်ကိုအဲ့လိုလုပ်နေတာက ဘယ်လောက်စိတ်ထိခိုက်ရလဲရော တွေးမိဖူးလား...နောက်ဆုံးတော့ ညီမအတွက်ဆိုပြီး အဓိက reason က အစ်ကိုတကယ်မချစ်ခဲ့တာကို....type မတူဘူးဆိုပြီး ဘာလို့ပြောရတာလဲ....ချစ်ခဲ့တာလား လား... ချစ်နေတာလား....ဘာကြီးမှန်းကို သေသေချာချာ မသိတဲ့နေ့ရက်တွေကိုမုန်းတယ်....
အစ်ကို့ဆီက တကယ်ရင်ထဲက နှစ်နှစ်ကာကာ ချစ်တာလိုချင်တယ်...အရမ်းလဲ ချစ်တယ် အရမ်းလဲလွမ်းတယ် အရမ်းလဲ သတိရတယ်.....
ညီမပဲ မကောင်းတာပါ...
ပြန်ချစ်နိုင်ဦးမလား ပြန်ပြီးတူတူရှိနိုင်ဦးမလား...အခုလိုပြောနေတာက မိုက်ရူးရဲ ဆန်တာပဲလား...ကိုကိုရောထပ်စိတ်ညစ်သွားပြီလား ကလေးကို?

ပြောချင်တဲ့ စကားတွေ များ သလောက် ပါးစပ်က ထွက်မလာတဲ့ အခိုက်အတန့် တွေအများကြီး ​ရှိပါတယ်...ရင်နာလို့လား
ရင်ထဲပြည့်နက်နေလို့လား...မသိပဲ ခေါင်းအုံး ပေါ်မှာမျက်ရည် အပြည့်နဲ့ အိပ်ခဲ့ပြီးနိုးခဲရတဲ့ နေ့ရက်တွေ အများကြီး ပါ...

You've reached the end of published parts.

⏰ Last updated: Feb 25, 2023 ⏰

Add this story to your Library to get notified about new parts!

Diary of Memory Where stories live. Discover now