မယ် ( ၁၀ ) Unicode

537 37 6
                                    

"မယ် "

ဦးအောင်မင်းသည် လေသံဖြင့် မယ့်ကို ခေါ်လိုက်လေသည်။ သို့ရာတွင် မယ်သည် ထိုခေါ်သံကို ပြန်မထူး။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျလျက်ရှိနေသည်။

ဦးအောင်မင်းသည် မယ့် အခန်းသို့ တံခါးခေါက်စရာပင် မလိုဘဲ ဝင်ထွက်နေသည်။ ထိုသို့ဝင်ထွက်နေသည်ကို သိသူသည် ဒေါ်ခင်မြင့် တစ်ယောက်သာ ရှိလေသည်။ သို့သော်လည်း ဒေါ်ခင်မြင့်သည် ဘွားရွှေသာကို မပြောရဲ။ ထိုသို့ ပြန်မပြောစေရန်လည်း ဦးအောင်မင်းက ငွေကြေးအသပြာကို လက်သိပ်ထိုးထားလေသည်။

ဒေါ်ခင်မြင့်သည် မယ့်ကို သနားတော့ သနားရှာပါသည်။ သို့သော်လည်း ငွေ၏ အင်အားကိုမူ ထိုသနားစိတ်က မယှဉ်နိုင်။ ဘွားရွှေသာ ပေးသော ငွေကြေးကြောင့် မယ့် အပေါ် ချိုချိုသာသာ မဆက်ဆံမိသလို ၊ ဦးအောင်မင်းပေးသော ငွေကြေးများကြောင့်လည်း လျစ်လျူရှုပြန်သည်။

ဒေါ်ခင်မြင့်၏ အတွေးထဲတွင် တွေးမိသည်က မယ် မရှိလျှင် ဘဝသည် မည်သို့မျှ မပြောင်းလဲ နိုင်သော်လည်း ငွေမရှိလျှင်မူ ဒေါ်ခင်မြင့်၏ ဘဝသည် လုံးလုံးပြောင်းလဲသွားလိမ့်မည်။ ထို့ကြောင့် ငွေရရန်သာ စိတ်ထဲတွေးကာ တာဝန်ဝတ္တရားကိုသာ လုပ်ဆောင်နေခြင်းဖြစ်လေသည်။

ဦးအောင်မင်းသည် မယ့် ကုတင်ဘေးသို့ ရောက်လာသည်။ ထို့နောက် အိပ်ပျော်နေသော မယ်၏ ဘေးတွင် ထိုင်သည်။ မယ်သည်ကား နိုးမည့်ပုံ မပေါ်။ ပုံမှန်အရ အအိပ်ဆတ်လှပါသော မယ်သည် ထိုနေ့ညတွင် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေပြန်သည်။

ဦးအောင်မင်းက မယ့် ဆံနွယ်များကို ပွတ်သတ်ကိုင်တွယ်ရင်း စကားခပ်တိုးတိုးကို ဆိုသည်။

"လှလိုက်တာ မယ်ရယ်"

အိပ်ပျော်နေသော မယ့် ပုံစံသည် တစ်မျိုးတမည် လှနေသည်။ ဘေးတစ်စောင်းအိပ်နေသော ကိုယ်ဟန်အနေအထားသည် ဆွဲဆောင်မှု ရှိနေသည်။ ဦးအောင်မင်းသည် တစ်ခုခုကို ဆက်ပြောမည့်ဟန် ပြုပြီးမှ ခေါင်းကို အသာ ယမ်းလိုက်သည်။ ထို့နောက် မယ့် ဆံနွယ်တို့ကို ခပ်ဖွဖွ နမ်းရှိုက်ပြီးသော အခါ အခန်းတွင်းမှ ထွက်သွားတော့သည်။

မယ် Where stories live. Discover now