Part-6

332 41 7
                                    

Unicode

Jaehyunမနက်အစောကြီးထဲကထပြီးပြင်ဆင်နေမိသည်။

Gymဖွင့်ချိန်မတိုင်ခင်ထဲကသွားမှရမယ်လေမဟုတ်ရင်လာစာရင်းသွင်းတဲ့သူတွေကိုHygကဒိုင်ခံလုပ်နေရမှာအဲ့လိုဆိုရင်Hygကိုဖွန်ကြောင်တဲ့လူတွေက....

တော်ပြီတော်ပြီမတွေးတော့ဘူးအမြန်ပြင်ဆင်ပြီးအမြန်သွားရမယ်...

Gymဖွင့်ချိန်က9:00မှဆိုပေမယ့်7:00လောက်ထဲကJaehyunကြုံရာbusနဲ့စီးလာခဲ့သည်။

7နာရီဘဲရှိသေးပေမယ်ဆိုင်နားကလူတစ်ယောက်ဆနှစ်ယောက်ဆကြောင့်တော်တော်ဇွဲရှိကြပါလားလို့သာတွေးမိရင်းခေါင်းရမ်းလိုက်မိသည်။

Jaehyunသူတို့ကိုဂရုစိုက်မနေဘဲသော့ဖွင့်ကာဝင်သွားလိုက်သည်။

Hygလည်းမရောက်သေးတာကြောင့်ကိုစိတ်ညစ်ရသည်။အခုတောင်လူကများလာပြီHygလာတာနောက်ကျလေHygကိုမြင်တဲ့သူများလေဖြစ်နေမှာ...မဖြစ်ပါဘူးဖုန်းဆက်ပြီးအမြန်ခေါ်မှပါ

"Hello"

"Hello Hyg"

"ပြောလေJaehyunnie"

"Hygဘယ်ချိန်လာမှာလဲဆိုင်ရှေ့လူတောင်တော်တော်များနေပြီ"

"အာ...hygအခုလမ်းမှာGymနားလည်းရောက်တော့မယ်...တံခါးဖွင့်ရင်ဖွင့်ပေးလိုက်တော့နော်"

"ဗျာ..ဟုတ်ဟုတ်.."

ဆိုင်ဖွင့်လိုက်ရင်အကုန်ရောက်လာတော့မှာJaehyunကြိုမြင်နေသည်။ဒါပေမယ့်လည်းဆိုင်ရှင်လေးအလိုကျဆိုတော့လည်း...

ဆိုင်တံခါးဝကချိတ်ထားတဲ့ကတ်လေးကိုလှည့်လိုက်တာနဲ့တစ်ပြိုင်ထဲmemberဝင်ချင်လို့ပါဆိုပြီးစုပြုံလာတဲ့လူအုပ်ကြောင့်Jaehyunတော်တော်ခေါင်းခဲနေရပါပြီ

Jaehyunအလှည့်ကျနာမည်စာရင်းမှတ်ပြီးငွေကောက်နေတုန်းရောက်လာတဲ့Hygကြောင့်...

"Morning Hyg...ကျွန်တော့Hygအခန်းကိုရှင်းထားပါတယ်"

"အာ..ကျေးဇူးပါ...အလုပ်ကြိုးစားလိုက်ပါအုန်း"

လက်သီးလေးဆုတ်ကာအားပေးသွားတာကြောင့်Jaehyunပါးချိုင့်တွေပေါ်အောင်ပြုံးနေမိပေမယ့်ရှေ့ကစကားသံတွေကြောင့်ထိုအပြုံးဟာကြာကြာမခံခဲ့ပါ။

그 남자 ❤️‍🩹 ||(Jaedo,Nomin)Where stories live. Discover now