Part_1

1.4K 109 1
                                    

~~ပန်းခြံလေးထဲက ခုံတန်းလျားလေးပေါ်မှာ ကောင်လေးတယောက် ထိုင်နေတယ်~~

Kris pov': ကျတော် မျက်လုံးလေးတွေမှိတ်ထားပြီး နေရောင်ခြည်လေးတွေရဲ့ အထိအတွေ့တွေကို ခံစားနေမိတယ်။ အထိအတွေ့ နွေးထွေးမှု အလင်းရောင်ပေးမှု တောက်ပမှု အကုန်လုံး ကျတော်မြတ်နိုးခဲ့တယ်။ ကျတော့်ချစ်သူ သူမလည်း နေရောင်ခြည်လေးလိုမျိုး ဂုဏ်သတ္တိတွေ တချိန်က ကျတော့်အပေါ် ပေးစွမ်းနိုင်ခဲ့တယ်။ တခါတရံ နေရောင်ခြည်ပူပြင်းသလို သူမလည်း အခု ကျတော့် နှလုံးသားကို ပူပြင်းအောင်လုပ်ရက်ခဲ့လေပြီ။ ဒါပေမယ့် ပူပြင်းတဲ့နေရောင်ခြည်လေးတွေကို ကျတော်မမုန်းသလို သူမအပေါ်လည်း ကျတော် မမုန်းရက်ခဲ့ပါဘူး။ ခုလည်း သူမထားသွားခဲ့တဲ့ ဒီနေရောင်အောက်မှာ ကျတော် ရပ်နေဆဲပါပဲ…

~~Krisဆိုတဲ့ကောင်လေးတယောက် မျက်လုံးလေးတွေမှိတ်ထားရင်း ကောင်းကင်ကို မော့ထားမိသည်။ သူ့ဘေးနားက လူတွေကို ဂရုမပြုမိ။ ဘေးနားကလူတွေကလည်း သူ့ကို ဂရုပြုမိပုံမပေါ်။ ဒါပေမယ့် တယောက်တည်းသော သူမကတော့ သူ့ကို ငေးကြည့်နေမိသည်~~

Yeol pov': ချောလိုက်တဲ့ ကောင်လေး။ နှာတံလေးတွေစင်းလို့ အသားအရည်လေးကလည်း ဖြူစွတ်ပြီး နူးညံ့တဲ့ ပုံစံ။ Styleကလည်း ခေတ်ရှေ့ပြေးနေပြီး အဖြူရောင် Shirt လက်ရှည်လေးကို ခေါက်ထားပြီး ဂျင်းဘောင်းဘီအရှည်လေးနဲ့ (Authorစိတ်မထိန်းနိုင်တော့ပုစ်) လိုက်ဖက်လှတဲ့ သူ့အရပ်အမောင်း။ အပြစ်ဆိုတာ ပြောစရာမရှိလောက်အောင် ချောမောတဲ့သူ... တွေးနေမိရင်း ရင်တွေအရမ်းခုန်လာတယ်။ နေရောင်ဘက်ကို ခေါင်းလေးမော့ထားပြီး တခုခုကို ခံစားကြည့်နေသည့်ပုံစံလေး။

You shine the most in this world

Shine even on this lowest place

Oh.. I want to be closer to u, a little more

Share that warm light

××The star - Exo××

Yeol pov': Aigooချစ်စရာလေးပါလား။ သူမလည်း အဲ့ကောင်လေးအတ်ုင်း လိုက်လုပ်ကြည့်ဖို့ ဆုံးဖြတ်ပြီး မျက်လုံးလေးကို မှိတ် ခေါင်းလေးကို မော့လိုက်တယ်…… နွေးထွေးလိုက်တဲ့ နေရောင်ခြည် သူမ တခါမှ ဒီလိုမျိုး မခံစားမိဖူးဘူး။ ဒါပထမဆုံးအကြိမ် နေရောင်ခြည်ရဲ့  နွေးထွေးမှုကို ခံစားမိတာပဲ။

Beautiful Sunlight EternallyWhere stories live. Discover now