Part 14

302 49 3
                                    

💙သောက်ကျိုးနည်းဖူးစာ💙

လွမ်းတာလေးများ ပြေလေမလားဆိုသည့် စိတ်နှင့် တစ်အိမ်လုံးကို ဟိုမွှေ ဒီရှင်းနှင့် ဂယောင်ဆူးပင်ပန်းသွားရသည်။
သို့သော် ဟိုကလေးကိုတော့ လွမ်းတာပျောက်မသွား။

မနေ့ညကတည်းက စာကြည့်ခန်းမှာ
အလွမ်းဇာတ်ခင်းနေတာ အိပ်ယာဝင်တာပင်နောက်ကျခဲ့သည်။
စာကျက်ရင်းများ ချန်းယောလ်လီအိပ်ပျော်နေမလားဆိုသည့် အတွေးနှင့် ယောင်ရမ်းကာ ထကြည့်မိသေးသည်။

မနက်စာစားတော့လဲ တစ်ယောက်ထဲကင်ချီထမင်းကြော်စားတော့လဲမျိုမကျ။
တစ်ယောက်ထဲစားရတာ တကယ်ပင် လည်နင်ရပါသည်။

အပေါ်ထပ်တက်လိုက် အောက်ဆင်းလိုက်နှင့်
အချိန်ကုန်နေသော်လည်း ချန်းယောလ်လီမရှိသောကြောင့် အိမ်ကြီးက ပို၍ခြောက်ကပ်သည်ဟုထင်စဖွယ်။

ခြံထဲဆင်းကာလမ်းလျှောက်ပြန်တော့လဲ
အဖွားကားဘေးက စက်ဘီးလေးမြင်တော့
အတူတူစက်ဘီးစီးကာကျောင်းသွားတာကို မြင်ယောင်မိရပြန်သည်။

ဟူး……မလွယ်ကူလိုက်တာ။
ချစ်သူတောင်မဖြစ်ရသေးဘူး ခွေးပေါက်ကို
အများကြီးလွမ်းနေရသည်။

ရှိတဲ့သူငယ်ချင်းဂျပုကလဲတရုတ်ပြန်သွားတာပေါ်ကိုမလာတော့။

"ဂယောင်ဆူး……ဂယောင်ဆူး……
ကိုယ့်ဘာသာလူပျိုကြီးလုပ်ဖို့ဆုံးဖြတ်လိုက်တာမှကောင်းအုံးမယ် အခုတော့ ကိုယ်ပိုက်ဆံနဲ့ ဆန်ဝယ် ဆီဝယ် ကိုယ့်ဗိုက်ကိုယ်ဖြည့်ပြီး
သူများသားသမီးလွမ်းနေရတယ်လို့……
စီလျော်မှုမရှိလိုက်တာ ဘဝကြီးက……
ကြေကွဲစရာကောင်းလိုက်လေခြင်း"

တစ်ယောက်ထဲ ငြီးငြူမိပြန်သည်။
သို့သော် ချန်းယောလ်လီအားချစ်မိသွားခြင်းအား
နောင်တရနေလားဟုမေးလာလျှင်~

"နောင်တမရပါဘူးနော်"

နောင်တဆိုတာ……အမှောင်ထဲကလားလို့တောင် မေးလိုက်ချင်ပါသည်။
လွယ်လွယ်လေးချစ်ထားတာမှမဟုတ်တာ
နောင်တရဖို့ လွယ်ကူမနေဘူးလေ။

ဂယောင်ဆူးက မချစ်ဘူးဆိုလဲ လုံးဝ။
ချစ်ပြီဆိုလဲ တစ်ယောက်ထဲပဲ ပုံအောချစ်မှာ။
ယုတ်စွအဆုံး ခေါင်းကဆံပင်ပြောင်တဲ့အထိပင်
ချစ်မည်ဖြစ်သည်။

သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)Where stories live. Discover now