They Don't Know About Us

475 63 2
                                    


" အားလုံးပဲ ​မျှော်လင့်​နေကြတဲ့ JI Group ရဲ့ CEO Kim ကို ကြိုဆိုလိုက်ရ​အောင်လား "

အစီအစဥ်တင်ဆက်သူရဲ့ စကားသံ အဆုံးမှာ ကျယ်ကျယ်​လောက်​လောင် သြဘာ​ပေးသံနဲ့ အတူ CEO Kim  ဆိုသူက စင်မြင့်​ပေါ်ကို တစ်လှမ်းချင်း ​တက်လှမ်းလာသည်။

182cm ရှိတဲ့ မြင့်မားတဲ့ ကိုယ်​နေဟန်ထားနဲ့ ရင်အုပ်ကျယ်ကျယ်ရယ်..ချော​မောတဲ့ မျက်နှာသွင်ပြင်တို့က ဝတ်ထားတဲ့ တန်ဖိုးကြီး ဝတ်စုံ​တွေနဲ့ ​ပေါင်းစပ်လိုက်တဲ့ အခါ နတ်ဘုရားတစ်ပါးအလား ခန်းမကျယ်ကြီး တစ်ခုလုံး အရှိန်အဝါ​တွေ ပြန့်ကျဲကုန်​​လေရဲ့။

' အားလုံးပဲ မင်္ဂလာပါ... JI Group ရဲ့ Kim KAI ပါ '

အသံသြရှရှတစ်ခုက ပျံ့လွင့်လာတဲ့ အခါ သတင်း​​ထောက်​တွေ​ရဲ့ Camera Flash lightတွေရော ပျိုမဒီ​လေး​တွေရဲ့ phone flash lightတွေကပါ တစ်လက်လက်နဲ့ ပွဲဆူကုန်ကြ​လေသည်။

'အခုလို လုပ်ငန်း​တွေ တိုးချဲ့ပြီး Shopping mall ကြီး တစ်ခုလုံးကို ထပ်ပြီး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရပါသလဲ '

' ခံစားချက်က​တော့ အရင်အတိုင်းပါပဲ... ​ပျော်ပါတယ် ... လုပ်ငန်းတိုးချဲ့နိုင်တယ်ဆိုတာက ​ပျော်စရာ ကိစ္စပဲ​လေ ​နော့်..'

Stage ​အောက်ကို တစ်ချက်​ဝေ့ကြည့်ရင်း ခပ်မိုက်မိုက်ပြုံးလို့ ​ပြောတဲ့အခါ အကုန်လုံးဆီက ​ဟေးခနဲ အသံ​တွေ ထွက်လာပြန်သည်။

' CEO Kim က စီးပွား​ရေး​လောကထဲ ​ခြေချပြီး သိပ်မကြာခင်မှာတင် ဒီလို ​​အောင်မြင်လာခဲ့တာ အံ့သြဖွယ်ရာပါပဲ... ကျွန်​တော်ကြားဖူးတာ တစ်ခုရှိတယ်ဗျ... ​အောင်မြင်တဲ့ ​ယောကျ်ားတစ်​ယောက်ရဲ့ ​နောက်ကွယ်မှာ ထက်မြက်တဲ့ လက်တွဲ​ဖော် တစ်ဦးက ရှိတတ်စမြဲပဲတဲ့..  ​ဟော့ဒီက CEO Kim မှာ​ရော ထက်မြက်တဲ့ လက်တွဲ​ဖော်​လေးများ ရှိ​နေပြီလားဗျာ '

အခု​မေးခွန်းက တစ်ခါမှ မ​မေးဖူးတဲ့ ​မေးခွန်းမို့ သိချင်​နေတဲ့ လူ​တွေ အကုန်လုံးက ငြိမ်ကျသွားရင်း အ​ဖြေကို ​စောင့်​မျှော်​​နေကြသည်။

ငြိမ်ကျသွားတဲ့ လူထုကို ကြည့်ကာ KAI တစ်ချက် ပြုံးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 13, 2022 ⏰

Add this story to your Library to get notified about new parts!

They Don't Know About Us Where stories live. Discover now