Part 3

2K 173 5
                                    

ဆောင်းနှင်းချိုတို့ ကျောင်းတွေပြန်ဖွင့်တော့ 2nd year ရောက်ခဲ့ပြီဖြစ်သည်။ ကျောင်းပြန်တက်ရသောအခါ မလိုလားအပ်သော ပြဿနာတို့ကိုရှောင်ရန် သူမတို့အကြောင်းကို လျှို့ဝှက်ထားဖို့ ၂ ဖက်လုံးနှင့် ဖူးပွင့်ဝေပါ ဆုံးဖြတ်ထားပါသည်။ ထိုအတောအတွင်း ဆောင်းနှင်းချို.. သူ့အိမ်သို့ တခါမှမပြန်ပဲ ဆရာမ မိုးသားမြူအိမ်တွင်သာ နေထိုင်ခဲ့သည်။ ဆောင်းနှင်းချို မှာ သူ့အိမ်တွင် မည်သည့်အလုပ်မှ မလုပ်ကိုင်ခဲ့ရသော်လည်း ဆရာမ မိုးသားမြူအိမ်တွင်တော့ အကုန်တတ်အောင်သင်ယူသည်။ ချက်ပြုတ်သန့်ရှင်းရာတွင် ကူညီခြင်း၊ လျှော်ဖွပ်မီးပူတိုက်ခြင်း၊ စျေးဝယ်ခြမ်းခြင်း စသည့်အိမ်မှုကိစ္စများကို အချိန်တိုအတွင်း ကျွမ်းကျင်အောင် လေ့ကျင့်သည်။ စကားနည်းပြီး အလုပ်သေချာလုပ်ကာ အလိုက်သိသော ဆောင်းနှင်းချိုကို မိုးသားမြူ၏ မိဘများမှာ အဘယ်မနှစ်သက်ပဲ ရှိပါမည်နည်း။

မနက်ခင်းကို အိပ်ရာမှအစောဆုံးထကာ ရေချိုးသည်။ သူ့ဆရာမ မိုးသားမြူနိုးလျှင် ရေချိုးရန် သွားတိုက်တံ၊ တဘက် စသည်တို့ကို အဆင်သင့်ပြင်ထားပေးသည်။ ထို့နောက် ပြင်ဆင်ချက်ပြုတ်ကာ ဘုရားဆွမ်းတော်တင် ရေချမ်းလဲသည်။ အိမ်သန့်ရှင်းရေးလုပ်သည်။ အားသည့်အချိန်တွင် ခြံထဲရှိစိုက်ပျိုးထားသော ပန်းပင်လေးများကို ပြုစုသည်။ အစားအသောက်စားလျှင်လဲ လူကြီးများကို ဦးချပြီးမှစားသည်။ မိုးသားမြူအတွက် အသားငါးများကို အရိုးနွှင်ပေးပြီးမှ စားစေသည်။ ထိုကဲ့သို့ အသေးစိတ်အချက်လေးများမှအစ ဂရုတစိုက်လုပ်ပေးတတ်သော ဆောင်းနှင်းချိုမှာ မိုးသားမြူတို့အိမ်၏ ဆည်းလည်းလေးဖြစ်လာသည်။ ဆရာမတစ်ယောက်ဖြစ်သော မိုးသားမြူအတွက် ညနေတိုင်းသောက်တတ်သည့် Cigarette ကိုပင် ဆောင်းနှင်းချို ကပဲ ဝယ်ပေးတတ်သည်။ 'Sensei ကို သိက္ခာမကျစေချင်လို့' ဟူသည့် အကြောင်းပြချက်ဖြင့်ပင်။

'Sensei.. ရော့.. Sensei အတွက် Cigarette ဝယ်လာတယ် ကုန်ခါနီးပြီထင်လို့လေ တစ်နေ့ တစ်လိပ်ပဲသောက်ပါနော်'

အိပ်ရာထဲတွင် စာဖတ်နေသော သူမအတွက် Cigarette ဗူးလေးကမ်းပေးလာသော လက်ကလေးကို မိုးသားမြူ လှမ်းဆွဲလိုက်သည်။ အရှိန်ကြောင့် ဆောင်းနှင်းချို.. မိုးသားမြူကိုယ်ပေါ် ယိုင်ကျသွားသည်။

My beloved sensei (Complete)Where stories live. Discover now