မနက်စောစောကြက်တွန်သံကြားရင်ကိုမအိပ်တတ်သောအကျင့်ရှိသောကြောင့် အိပ်ယာမှထလိုက်သည်
"အား ဘယ်နှစ်နာရီထိုးသွားပြီလဲ အော်မနက်၅နာရီတောင်ထိုးသွားပြီပဲ ထမြှဖစ်တော့မယ်"
ဆက်မအိပ်တတ်သောအကျင့်ရှိသောကြောင့်အိပ်ယာမှစောစောထလိုက်သည်
မျက်နှာသစ် သွားတိုက်နေရင်းနဲ့မှကိုယ့်ကိုကိုသတိရမိသည်"အာ မေ့နေပြန်ပြီ ငါကမိန်းကလေးလိုနေရတော့မှာလေ "
ပြောရင်းမျက်နှာကိုမြန်မြန်သစ်ခဲ့ပြီး အခန်းထဲသို့ပြေးဝင်လာခဲ့တော့သည်
"တော်သေးတာပေါ့ ဘယ်သူမှမမြင်လို့ အမယ်လေး တစ်ရက်ပဲရှိသေးတယ် ဒုက္ခကလဲမလွယ်ပါလားနော်"
သနပ်ခါးလေးသွေးပြီး ပါးတစ်ဖက်စီကိုပါးကွက်ကြားမှုန်မှုန်လေးလိမ်းလိုက်သည်
မှန်ထဲမှာမြင်ရသောမိမိရုပ်ကပင်
"ငါကတကယ်မိန်းကလေးနဲ့တူတာပဲ ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ ငါဒီလိုကြီးတွေမနေချင်ဘူး မိန်းကလေးနဲ့လဲမတူချင်ဘူး ငါကယောင်္ကျားလေးလေ ဘာလို့မိန်းကလေးနဲ့တူနေရတာလဲ""အော်မဖြစ်သေးပါဘူး မိန်းကလေးနဲ့တူတာပဲကျေးဇူးတင်ရမယ် အကိုလေးလဲမမှတ်မိလို့တော်သေးတယ် ကံကြမ္မာရယ်ဘ၀ဆိုးတွေကိုဒီလောက်ပဲပေးပါတော့"
အိမ်အောက်ထပ်သို့ဆင်းလာသောအခါ မီးဖိုချောင်မှာအလုပ်ရူပ်နေသော ဒေါ်ခိုင်ကိုတွေ့ရသည် ကျွန်တော့်ကိုမြင်သည်နှင့်အလုပ်ရူပ်နေသောဒေါ်ခိုင်မှာ
"အယ် ဒီကညီမလေးကဘယ်သူလဲ ဘယ်လိုလုပ်ဒီအိမ်ကိုရောက်နေတာလဲ အလုပ်သမားအသစ်လား မဟုတ်ပါဘူး အလုပ်သမားအသစ်ဆိုလဲငါတို့နဲ့မိတ်ဆက်ပေးမှာပေါ့"
"ကျွန်တော် အော် ကျွန်မက ဟုတ်ပါတယ် အလုပ်သမားအသစ်ပါ မနေ့ကမှရောက်တာပါ အဲ့တာအဒေါ်အလုပ်ရူပ်နေလို့ဘာကူညီရမလဲဆိုပြီး"
"အော် ဟုတ်လား အာ့ဆိုအဒေါ့်ကိုကူစမ်းပါအုံးကွယ် ဒီမှာလေ မနက်စာမုန့်ဟင်းခါးချက်နေတာ ဒီအိမ်ကသခင်လေးခွန်ဆိုင်းသက်ထင်နဲ့ခွန်ဆိုင်းဇော်ထင်နှစ်ယောက်လုံးကမုန့်ဟင်းခါးအရမ်းကြိုက်တာ အဒေါ်လဲတစ်ယောက်ထဲဆိုတော့ ထတာလဲနည်းနည်းနောက်ကျသွားတော့မမှီတော့မှာဆိုးလို့"
ŞİMDİ OKUDUĞUN
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား