Part (8) (Z+U)

1.8K 145 34
                                    

မနက်စောစော ထယ်ယောင်း နိုးလာတော့သူ့ဘေးမှာကွေးကွေးလေးနဲ့သူ့ရင်ခွင်ထဲတိုး ဝင်နေတာယုန်ပေါက်လေးပုံစံအတိုင်းချစ်ဖို့ကောင်းနေတဲ့ ဂျောင်ကု ကို ထယ်ယောင်း လဲအသဲယားလွန်းလို့မနေနိုင်စွာသွားနမ်းမိသည်~

"အား~ချစ်ဖို့ကောင်းလိုက်တာကွာ..မွ..မွ"

"အင်းးးးးဟင့်"

~ထယ်ယောင်း ကနမ်းတော့အင်းးအဲလုပ်ပြီးပြန်အိပ်သွားတဲ့ jk~ထယ်ယောင်း လဲမထူးတော့တာမို့ထပြီးရေချိုးလိုက်တယ်
ထယ်ယောင်း ရေချိုးပြီးထွက်လာတဲ့အထိဂျောင်ကုကမနိုးသေး jk ကိုနှိုးမနေတော့ဘဲ~~

~သူလဲဘုရင့်အလုပ်တွေလုပ်စရာရှိသေးတာကြောင့် နန်းတော့ထဲကခမ်းမကျယ်ကြီးအတွင်း ပုလ္လင်ပေါ်မှာထိုင်ကာပြည်သူတွေရဲ့ ကိစ္စတွေကိုဘေးကစစ်သူကြီးတို့ကတင်ပြကာ သူကတော့ဖြေရှင်းပေးလေရဲ့~~

==========

သူပြန်လာတဲ့အထိ ဂျောင်ကု ကမနိုးသေး

"မွ..မွ..ထတော့လေ ကိုယ့်ကလေးလေး"

"အင်းးမထချင်ဘူး"

"ထတော့ ဒီနေ့ကလေး အမေတို့ဆီမသွားဘူးလား"

"ဟင်!!ဒီနေ့လား"

သူ့အမေဆီသွားရမယ်လဲဆိုရော ချက်ချင်းငုတ်တုတ် ထထိုင်ကာမေးတောသည်

"ဟုတ်တယ် ဘာလဲမသွားတော့ဘူးလား"

"သွားမှာ"

"ဒါဆိုလဲရေချိုး မျက်နှာသစ် လိုက်ကိုယ်စောင့်နေမယ်"

"ဟုတ်!"

ဟုတ် ဆိုပြီးအကျယ်ကြီးအော်ကာ ခုန်ပေါက်ပြီးနဲ့ရေချိုးတဲ့ ခန်းထဲဝင်သွားလေရဲ့

"အရှင်မင်းကြီး စစ်သူကြီးဂျောင်ရောက်ရှိလာပါတယ်!"

"ဝင်ခိုင်းလိုက်!"

"မင်းကြီးကျွန်တော့ကိုခေါ်ပါတယ်ဆိုလို့"

"အရင်တိုင်ဘဲပြောစမ်းပါ~"

"ဟဟ ဟုတ်ပါပြီ~ပြော ခေါ်တယ်ဆိုလို့ဘာလုပ်ပေးရမလဲ"

စစ်သူကြီးဂျောင်ဆိုတာထယ်ယောင်းနဲ့ငယ်ငယ်ထဲကပေါင်း
လာတဲ့သူငယ်ချင်းဆော့ဖော်ဆော့ဘက်ပေါ့ သူတို့အချင်းချင်းဆို မင်းနဲ့ငါနဲ့ဘဲပြောတယ်~

🔞ကြွေရုပ်🔞Where stories live. Discover now