ဒုတိယလူရဲ့ ဖြစ်တည်မှု

3 1 0
                                    

ဒုတိယလူဆိုတဲ့ နာမည်...

ဒုတိယလူဆိုတဲ့ နေရာ...

ဒုတိယလူဆိုတဲ့ ခံစားချက်...

ဒုတိယလူဆိုတာ အဓိကဇာတ်ဆောင် နှစ်ယောက်နောက်က အရံလူသက်သက်ပါပဲ...

ဒုတိယလူဆိုရင်... အတ္တကြီးတဲ့သူ... ဗီလိန်တစ်ယောက်လို မြင်နေကြတဲ့သူတွေအများကြီးရှိနေတယ်...

တကယ်တော့... အတ္တကြီးတဲ့သူမှာလည်း.. ချစ်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်..

ဗီလန်တစ်ယောက်မှာလည်း.. ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ကိန်းအောင်နေတယ်...

ဒုတိယလူတွေဆီမှာလည်း... ပထမသူထက်ပိုချစ်ပေးနိုင်တဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားပါလျက်...

ချစ်ရတဲ့သူရဲ့ အဖြည့်ခံဆိုတဲ့နေရာမှာပဲ ကျေနပ်လိုက်ရတယ်...

ချစ်ရသူရဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့ ပထမသူရဲ့အကြောင်းတွေဟာ ဒုတိယလူရဲ့ နှလုံးသားကို ဓားနဲ့ အဆက်မပြတ်ထိုးနှက်နေသလို ဖြစ်နေတယ်ဆိုတာ ချစ်ရသူ သိလေရဲ့လား...

ချစ်ရသူမျက်နှာတစ်ကမ္ဘာလို့ သတ်မှတ်ထားတဲ့ ဒုတိယလူအတွက် ချစ်ရသူပြုံးရင် ထပ်တူပြုံးမိသလို့ ချစ်ရသူငိုရင် ရင်ထဲမှာကမ္ဘာပျက်နေရတဲ့သူဟာလည်း ဒုတိယလူပဲဆိုတာ ချစ်ရသူသတိမှထားမိရဲ့လား...

ချစ်ရသူကိုငို‌စေတဲ့ ပထမလူကိုမုန်း‌ပေမဲ့ ချစ်ရသူရဲ့ အပြုံးတွေကို ဖန်ဆင်း‌
ပေးနိုင်တဲ့သူဟာလည်း ပထမသူပဲ မဟုတ်လား ...

ဘယ်လိုပြိုင်ပြိုင် ဒုတိယလူကရှုံးပြီးသားပါ...

ဘယ်သောအခါမှ ပထမလူကို အနိုင်ယူနိုင်မှာမဟုတ်ဘူး....

ဒုတိယလူဖြစ်လာကတည်းက မပြိုင်ရသေးခင် ရှုံးနေပြီးသားမို့လေ...

>>>>> THE END <<<<<

#Photo Credit to Owner
#Own Creation
#Yellowish

You've reached the end of published parts.

⏰ Last updated: Jan 18, 2022 ⏰

Add this story to your Library to get notified about new parts!

ဒုတိယလူရဲ့ ဖြစ်တည်မှုWhere stories live. Discover now