Chapter-14

746 61 6
                                    

Unicode

ဖြူလျော့သော အသားအရေပေါ်ကိုမှ သွေ့ခြောက်နေသော နှုတ်ခမ်းလွှာတို့က မပွင့်တပွင့် .. ။ ထင်ရှားသော မျက်ခုံးတန်း စိမ်းစိမ်းတို့ကတော့ နဂိုအတိုင်း .. ။ ကော့ညွှတ်သော မျက်တောင်တို့ကလည်း ရှိမြဲပါပဲ။ ထူးဆန်းတာက  ဝိုင်းဝိုင်းစက်စက် သူရဲ့ မျက်ဝန်းလေးတွေ ... ။

ဘယ်မှာလဲ . . . ။

ဘယ်မှာလဲ . . . ။

" ရှောင်းကျန့် "

" ဟင်း ... "

ခေါ်သံနှင့် ထူးသံကြားမှာ အချိန်နည်းနည်းလေး ကြာ၏။ ဖြည်းဖြည်းလေး ခေါ်ပေမယ့် ပြန်ထူးတော့ ယောင်ချာချာ။ အဖြူရောင် အင်္ကျီလက်ရှည် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း စပါယ်ရှယ် နာ့စ်မက 'ထမလား ပွေ့ပေးမယ်လေ' ဟု လက်ကမ်းရင်းပြော၏။

သေသပ်စွာ ဖီးသင်ထားသည့် ဆံပင်ကို တစ်ချက်ခါလိုက်ရင်း တစ်ဖက်သို့ မျက်နှာ လှည့်သွား၏။ နောက်ကျောမှ ကြည့်နေလျှင် ပခုံးသိမ့်သိမ့် တုန်အောင် ရယ်မောနေသည်ကို တွေ့ရပေလိမ့်မည်။

" အဲ့လို မရယ်နဲ့လေ .. ရယ်ချင်ရင် အော်ရယ်ပေါ့ .. ဘာလို့ ကြိတ်ရယ်နေတာလဲ။ ပြောပါဦး .. ဘာရယ်စရာတွေများ ရှိနေလို့လဲ။ ဆရာမတို့လည်း ဝိုင်းရယ်ရအောင်လေ "

စပါယ်ရှယ် နာ့စ်မက ပြောတော့ ကျောခိုင်းလျက်ကနေ တိခနဲ ကိုယ်လုံးတွေ လှုပ်နေတာ ရပ်သွားပြီး ငြိမ်ကျသွားလေ၏။

ထိုမြင်ကွင်းကို မမှိတ်မသုန် ကြည့်နေတဲ့လူက ဝမ်ရိပေါ်။ ဝမ်ရိပေါ်က ကြောင်အမ်းစွာနှင့် တစ်ဖက်မှာ ရပ်နေသည့် ချန်ယုကို လှမ်းကြည့်လိုက်၏။ ချန်ယုနှင့် သူ မျက်လုံးချင်းဆုံချိန်၌ ချန်ယုထံမှ အဓိပ္ပာယ်များစွာ ... စကားများစွာ ပြောနေသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရလေ၏။

ဝမ်ရိပေါ် အံ့သြလွန်း၍ ဘာပြောရမှန်းပင် မသိတော့။ သူ့အရှေ့မှာ ရှိနေတာ ဘယ်သူလဲ။ အဲ့ဒီလို ဖြစ်နေတဲ့လူဟာ ရှောင်းကျန့်ဆိုရင် သူလက်မခံဘူး။ ရှောင်းကျန့် မဖြစ်စေရဘူး။

ဝမ်ရိပေါ် ချွေးတွေ ပြန်လာ၏။ သူ့ရင်ဘတ်တွေလည်း စူးအောင့်လာ၏။

The Sign Of My LoverWhere stories live. Discover now