Ch-2

6 0 0
                                    

Unicode
၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့။

~နှလုံးသားတစ်စုံကျကွဲသွားတဲ့နေ့....
~မျက်ရည်စက်တွေဝေတဲ့နေ့....
~အလွမ်းမိုးတွေရွာတဲ့နေ့....

ထိုနေ့က....
လရိပ်နဲ့သူနဲ့ ချစ်သူသက်တမ်း(၁)နှစ်ပြည့်တဲ့နေ့....
ထိုနေ့ညနေခင်းမှာ ချစ်ရသူက လရိပ်ကို ရုပ်ရှင်လိုက်ပြမည်ဟုဆိုကာ သူတို့နှစ်ယောက် တွေ့နေကြနေရာတွင် ချိန်းဆိုထားလေသည်။ အချိန်မှာ လေးနာရီခွဲနေပြီဖြစ်သော်လဲ ရတုမှာပေါ်မလာသေး။ ချိန်ဆိုထားသည့်အချိန်ထက် နောက်ကျနေသဖြင့် လရိပ်တစ်ယောက် ချစ်ရသူအတွက် စိုးရိမ်စိတ်တို့တရိပ်ရိပ်တက်လာသည်။ လရနပ်တစ်ယောက် ထိုင်လိုက်ထလိုက်ဖြင့် ဂနာမငြိမ်စွာ ရတုကို မျှော်နေမိသည်။ ထိုအချိန်တွင် သူ့ထက်လေးငါးနှစ်လောက် ငယ်မည်ထင်ရသော ကောင်လေးတစ်ယောက် ရောက်လာလေသည်။

'ကိုကြီးက လရိပ်ဆွေးဆိုတဲ့ တစ်ယောက်လားဗျ'

'အာ ဟုတ်ပါတယ် ဘာဖြစ်လို့လဲ ညီလေး'

'ရတုရှိန်ဆိုတဲ့ အစ်ကိုတစ်ယောက်က ကိုကြီးကို စာပေးခိုင်းလိုက်လို့ပါဗျ ဒီမှာပါဗျ'

'အော် ကျေးဇူးပဲနော် ညီလေး'

ထိုကောင်လေး ထွက်သွားတော့ လရိပ် စာကို ဖွင့်ဖတ်ကြည့်လေသည်။ ချစ်ရသူဆီက စာဖြစ်သဖြင့် အားရဝမ်းသာစွာ ဖတ်ကြည့်လေသောအခါ....
'ငါတို့ လမ်းခွဲရအောင်
ရတု'

စာလေးက တစ်ကြောင်းထဲ....
စကားလုံးလေးခြောက်လုံးထဲ....
သူ့ရဲ့နှလုံးသားကို ကွဲကြေစေခဲ့တဲ့ စာလေးတစ်စောင်....
'ငါတို့ လမ်းခွဲရအောင်'တဲ့

'ခွမ်း'ခနဲမြည်သံနှင့်အတူ ဘယ်ဘက်ရင်အုံမှ ခံစားလိုက်ရသော နာကျင်သည့် ခံစားမှု....
စူးရှသည့် နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားသည်။ စာရွက်ကို ကိုင်ထားသောလက်တို့ အားအင်ပြတ်လတ်ကာ တုန်ယင်လာသည်။ ဒူများပျော့ခွေကာ မြေပြင်ပေါ်သို့ ညွှတ်ကျသွားလေ၏။
ဝမ်းနဲမှုနဲ့ နာကျင်မှုတို့ ရောထွေးနေသည့် ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်....
အငြိုးကြီးသောမိုးက လွမ်းဆွေးစရာကောင်းလောက်အောင် သည်းကြီးမဲကြီး ရွာချနေလေသည်။ မိုးရေနှင့်အတူ စီးမျောသွားသည့် မျက်ရည်စက်တို့က မရေတွက်နိုင်....။

Fǿřęvér☘️☘️☘️(On going)Where stories live. Discover now