// Unicode //
~~~~~~~~~~မျက်စိရှေ့က အသစ်ကျပ်ချွတ်စက်ဘီးအနီရောင်လေးကိုကြည့်ကာ အက်ဒီ သဘောကျလို့မဆုံးနိုင်။ ၁၇ နှစ်ပြည့်မွေးနေ့မှာ ဒက်ဒီတို့ပေးတဲ့ လက်ဆောင်က သူလိုချင်တဲ့ စက်ဘီးတစ်စီးဖြစ်နေတာမို့ မွေးနေ့ဟာပျော်စရာကောင်း၏။
" အက်ဒီ "
ခြံရှေ့ကနေ လှမ်းခေါ်တဲ့အသံ။ ကြည့်လိုက်တော့ ဆိုင် ။ ဂျင်းဝတ်နဲ့ ဆိုင်က တွေ့နေကျပုံစံမဟုတ်ပေမဲ့ ဒီနေ့မှ ပိုကြည့်ကောင်းနေသလိုပင်။
" သွားကြမလား "
" သွားမယ် တက် "
" မင်းစက်ဘီးက မိုက်လိုက်တာ ! "
" မွေးနေ့လက်ဆောင်လေ "
" မိုက်တယ် !! နေ့တိုင်း အတူစီးကြမလား "
" ရတယ်လေ စီးတာပေါ့ "
သူ့ထက်တောင်ပိုပြီးပျော်နေသလို ဆိုင်က ပြုံးရွှင်ကာ စိတ်လှုပ်ရှားနေ၏။ အနောက်မှာထိုင်ပြီး အက်ဒီရဲ့ခါးကအင်္ကျီစကိုဆွဲထားသည်။
မိုးရွာထားတာကြောင့် လမ်းကျဉ်းကလေးမှာ စိုစွတ်နေသည်။ ရေကန်ငယ်ကိုဖြတ်သန်းကာ ဝေ့ဝဲတိုက်ခတ်လာတဲ့လေပြေက အေးမြ၏။ သူတို့လို စက်ဘီးစီးနေသူများ ၊ လမ်းလျှောက်သူများနှင့် ညနေခင်းဟာ အသက်ဝင်နေတော့သည်။
" ငါ့မှာ မင်းအတွက်လက်ဆောင်ပါတယ် "
ဆိုင်ပေးမဲ့ လက်ဆောင်ကို သူစိတ်ဝင်စားသည်။ ငြိမ်သက်ကာ စောင့်ဆိုင်းနေတော့ ဂျင်းဘောင်းဘီရဲ့အိတ်ကပ်ထဲက နှိုက်ထုတ်လိုက်သည်မှာ သကြားလုံးတစ်လုံး။
သိသိသာသာပြောင်းလဲသွားတဲ့ အက်ဒီ့မျက်နှာကိုကြည့်ပြီး အားပါးတရရယ်တဲ့ ဆိုင် ။
" စတာပါ.. လက်ဆောင်ကတကယ်ရှိတယ် ၊ အိမ်ပြန်ရင်ပေးမယ် "
မျှော်လင့်ချက်ပျက်မသွားတာမို့ အက်ဒီ ကျေနပ်သည်။ အပေါင်းသင်းလည်းမရှိတဲ့သူက တစ်ဦးတည်းသောသူငယ်ချင်းဆီက လက်ဆောင်ကိုမျှော်လင့်တာ ဖြစ်သင့်တဲ့အရာပဲမဟုတ်လား။
" ဆိုင် မင်းစိတ်မရှိဘူးဆိုရင် ငါမေးချင်တာတစ်ခုရှိတယ် "
" မေးလေ "
YOU ARE READING
Sye [ Completed ]
Short Storyကတိပေးပါတယ်။ အသက်ရှင်နေသရွေ့ ငါ့နှလုံးသားမှာ မင်းကိုမှတ်မိနေပါ့မယ်။