It will be okay Final-2

1.5K 97 6
                                    

ရှောင်းကျန့် ဆေးရုံကပြန်လာပြီးကတည်းက ရေပန်းအောက်တွင်ထိုင်နေသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ။ သို့ပေမယ့် ရင်ထဲကအပူမီးဟာ ယခုအထိတိုင် မငြိမ်းသေးပါ။ သူသည် ယွီအာကို ချစ်ခဲ့သည်။ သို့သော်လည်း ယွီအာဟာ ငွေနောက်လိုက်ကာ သူ့အားပစ်ခဲ့သည်။

သူက တခြားသူတစ်ယောက်ကိုချစ်နေချိန်မှာ ဝမ်ရိပေါ်ကတော့သူ့အပေါ်ချစ်နေခဲ့ပါသည်တဲ့။ ဒီကောင်လေး ရှောင်းကျန့်ကိုဖွင့်ပြောလာတုန်းကဆို သူတစ်ပါတ်လောက် အခန်းထဲအောင်းနေမိခဲ့သည်။ ရှေးရိုးစွဲမိသားစုမျိုးမဟုတ်ပေမယ့် ခေတ်လည်းမဆန်သည့်မိသားစုမှဆင်းသက်လာခဲ့တာမို့ သူ့အတွက် ဒီကိစ္စဟာ တုန်လှုပ်စရာတစ်ခုဖြစ်လာခဲ့သည်။ လိင်တူချစ်မြတ်နိုးမှုကို မနှစ်သက်တာမျိုးမဟုတ်ပဲ လက်ခံပေးသည့်အနေအထားတွင်ရှိပါသော်လည်း မိမိသည်လိင်တူချစ်နှစ်သက်သူဆိုတာကတော့ ရှောင်းကျန့်ဘဝတွင် တစ်ခါမှအတွေးဖြင့်တောင်မတွေးခဲ့ဖူးပါ။ အခုတော့ သူ့ဆီ ဒီကိစ္စဟာ တည့်တည့်ဆိုင်ဆိုင်ပဲဆိုက်ရောက်လာခဲ့သည်မို့ တုန်လှုပ်ရပါသည်။

ရှောင်းကျန့် အခန်းတွင်းအောင်းနေသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူဟောက်ရွှမ်းက ရောက်လာကာ ယွီအာ၏မင်္ဂလာသတင်းကို လာပြောပြသည်။ ဟောက်ရွှမ်းထင်ခဲ့တာက ယွီအာကြောင့် ရှောင်းကျန့်သွေးပျက်နေသည်ဟုသာ...။ တကယ်တော့ ယွီအာကိုမချစ်ဘူးမဟုတ်ပဲချစ်ပါသည်။ သို့ပေမယ့် တွဲနေသည့်တစ်လျောက်လုံးတွင် ယွီအာဟာ သူ့အပေါ်နိုင်စားလွန်းသည်။ ယွီအာသည် သူ့အပေါ်တကယ်မချစ်မှန်း ရိပ်စားမိပါသော်ညား ကောင်မလေးတစ်ယောက်နှင့် လူကြားထဲ တွဲသွားတွဲလာလုပ်ပြသည်မှာ အချိန်ကြာမြင့်ခဲ့တာကြောင့် ယွီအာအတွက်ထည့်စဉ်းစားပေးသည့်အနေဖြင့် သူတို့ဆက်ဆံရေးအား ရှေ့ဆက်ခဲ့ပေမယ့် ယွီအာကတော့ ထိုသို့မဟုတ်ခဲ့ပါ။ ခံပြင်းပါသည်။ သူတကယ်ခံပြင်းသည်။ ဒေါသထွက်လာတာကြောင့် ရိပေါ်ဆီထွက်ခဲ့တော့ ကုမ္ပဏီတွင် AGMရှိသည်ဆိုသောကြောင့် သူဌေးဝမ်ရော အစ်ကိုကျိုးချန်ပါမရှိကြပါ။ အိမ်တော်ထိန်းဟာလည်း သူ့အလုပ်နှင့်သူမို့ အခန်းထဲတွင် ရိပေါ်တစ်ယောက်တည်းရှိနေသည်။

It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now