Part-3

452 26 2
                                    

❤ My Sugar Daddy ❤

( Part-3 )

Unicode...

သူမစဥ်းစားပြီး Tae အားခေါ်ကြည့်လေသည်

🐰" ဟေ့လူ ဟေ့လူ ထပါဦး ကုခေါ်နေတာရှင်ကြားလား ေဟ့လူကြီး..."

သို့သော်လဲမနိုးလာခဲ့ပါ သူမကြောက်ကြောက်နှင့်ဆွဲထူပြီး

🐰"အိုးဖြစ်ချင်ရာဖြစ် နောင်ကိစ္စနောင်မှရှင်းမယ် လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်လေး"

သူမ သတိမရသေးသောTae အား ဖြည်းဖြည်းချင်းထိန်းကာ သယ်လာလေသည် အိမ်အနားရောက်သော်မိထွေးအခြေအနေလဲအကဲခက်နေရသည်အ​​ခြေအနေ ငြိမ်နေတာမို့ သူမ Tae အားသူမ၏တဲအိမ်အစုတ်လေးထဲခေါ်သွားလေသည်ပြီးသော်ခဏထားခဲ့ပြီး မိထွေးဖြစ်သူထံလာခဲ့သည်...

🐰" အဒေါ်ဒီမှာ တစ်သျှူးပါ "

😡" ညည်းဘာလို့ကြာနေရတာလဲ "

မိထွေးသမီးဖြစ်သူကကြားဖြတ်ပြောလေသည်

😾"ကြာမှာပေါ့ ဘယ်ကောင်ကို အထာပေးနေလဲမှမသိတာအမေရယ်..."

🐰" Kook အ့လိုမလုပ်ဘူး ကု ခလုတ်တိုက်နေလို့ပါ ပြီးတော့ခွေးလိုက်သေးတယ်.."

😡" တော်ပြီးဆက် မပြောနဲ့ "

😾" တစ်ခါတည်းခွေးပါကိုက်ခံရမှာ😒"

Kook လေးကုတ်ကုတ် ကုတ်ကုတ်နှင့်ထွက်သွားရန်ပြုနေစဥ်

😡"ဟဲ့ မနက် ငါ့သမီး ကျောင်းသွားမယ် အစောကြီး ကော်ဖီနဲ့မုန့်တွေပြင်ထား... "

🐰" ဟုတ်ကဲ့.."

Kook လေးသူမ၏တဲအိမ်စုတ်ထဲပြန်ဝင်လာသည် သူမခေါ်လာသောလူနာအားကြည့်ပြီးစိတ်ထဲ၌

**ငါဘယ်လိုလုပ်ပေးရမလဲ ဒဏ်ရာတွေကို
အရင်ဆေးပြီး ဆေးထည့်ရမယ် ဆေးထည့်ဖို့က
ငါ့မှာဘာဆေးမှမရှိဘူး နနွင်းကဆေးဖက်ဝင်တယ်လို့တော့ကြားတယ် ဟုတ်ပြီး နနွင်းထည့်ထားပေးပြီးအဝတ်နဲ့ထုတ်ထားပေးရမယ်...**

သူမတွေးထားသည့်အတိုင်း ဇလုံအစုတ်လေးယူပြီးရေထည့်ကာ အဝတ်သန်သန့်အားစိမ်ပြီးTae ၏အကျ်ီအားချွတ်ပြီးဒဏ်ရာအားဆေးကြောပေးလေသည်...

❤ My Sugar Daddy ❤Where stories live. Discover now