Ep 1

7.1K 548 98
                                    

မြေပြင်နဲ့ သူ့ခြေထောက်တွေ ကင်းကွာသွားတဲ့ခဏ လေတိုးဝှေ့လာခြင်းကြောင့် gel မသုံးထားတဲ့ ဆံပင်တွေ လေမှာဝဲပျံလို့သွားတယ်

မနေ့ညက သူကြည့်ခဲ့တဲ့ skate boarder တစ်ဦးရဲ့ စတန့်အကွက်အတိုင်း မြေပေါ် skate board ကိုပြန်ချစဉ်မှာတော့ ဟန်ချက်မညီပဲ သူလဲကျသွားတော့တယ်။

အာ့!"

"ဟာ ရိပေါ် လဲသွားပြီ လုပ်အုံးဟ"

အသံနဲ့အတူ အနားပြေးလာသူက ဘယ်သူလဲမေးစရာမလို၊ လူကောင်သေးပေမယ့် အသံပြဲတဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဟောက်ရွှမ်းပေါ့။

"ရိပေါ် အဆင်ပြေလား ထကြည့်အုံး"

ဖင်ထိုင်ရက်လဲကျနေတဲ့ ရိပေါ်ဘေးနား ဒူးညွှတ်ပြီးထိုင်ချကာ မေးတဲ့ဟောက်ရွှမ်း။

"ရတယ် ဘာမှမဖြစ်ဘူး"

အိမ်မှာမဟုတ်ရင် စကိတ်နဲ့ခြေထောက်နဲ့ကွာတယ်လို့ကိုမရှိတဲ့ ရိပေါ်အတွက် ဒီလိုမျိုးလဲတယ်ဆိုတာက အဆန်းတော့မဟုတ်။

Skateboarding ကို ရိုးရိုးသာမာန်ကတော့ တရေးနိုးထစီးလဲ ဘာမှမဖြစ်ပေမယ့် စတန့်ထွင်စီးဖို့ လေ့ကျင့်ပြီဆို ထိခိုက်ကွဲပြဲကတော့ သူကဖြစ်တတ်စမြဲ။

ဖြစ်ဆို သူကစတန့်ကွက်တွေဆို ဆရာနဲ့ နည်းပြနဲ့ သေချာသင်တာမဟုတ်ပဲ youtube က skateborading နဲ့ပက်သက်တဲ့ channel တွေကိုကြည့်ပြီး အိမ်ကလစ်မှ ပြန်လေ့ကျင့်ရခြင်းကြောင့်လဲပါတာပေါ့

"ဟေ့ကောင် မင်းလက်မှာပြဲသွားတယ်ဟ"

ဟောက်ရွှမ်းသတိပေးစကားကြားမှ စပ်ဖျင်းဖျင်းဖြစ်နေတဲ့ ကိုယ့်တံတောင်ဆစ်ကိုယ် ပြန်ငုံ့ကြည့်မိတယ်၊ သွေးတွေထွက်နေတာမနည်းဘူးပဲ။

ဒီအတိုင်းအိမ်ပြန်ရင်တော့ ပါပါးတို့ မာမားတို့မသိအောင်ဖုံးထားလို့မလွယ်၊ ဒဏ်ရာကမြန်မြန်ပျောက်အောင် ဆေးခန်းတော့ဝင်အုံးမှဖြစ်မည်

ပြီးတော့ အခုက အိမ်မှာပါပါးတို့တင်ရှိတာမဟုတ်

အချိန်ပြည့် သူ့ကိုလိုက်ကြည့်နေတတ်တဲ့ ကျဲကျဲပါပြန်ရောက်နေပြီဆိုတော့ သတိနဲ့နေမှရမည်
အိမ်ကပါပါးတို့က သူ့ကို လုံးဝ skate ပေးမစီးပါ၊ အခုလို စီးခွင့်ရဖို့နဲ့ သူ့စိတ်ကြိုက် ဈေးကြီးတဲ့ skate တွေဝယ်နိုင်ဖို့ ဘယ်လောက်တောင် ကျဲကျဲငိုပြခဲ့ရသလဲ
ဒါတောင်မှ သူပထမနှစ်ရောက်မှ ကျဲကျဲက သူ့ကို skateboard စီးဖို့ခွင့်ပြုပြီးလိုချင်တာတွေ ဝယ်ပေးခဲ့တာ၊ အခုလိုမျိုးလို ထိခိုက်အနာတရဖြစ်ရင် ပွားနေအုံးမှာသေချာတာမို့ မသိအောင်နေတာ ပိုကောင်းတယ်

WTF! Is he flirting with me?Where stories live. Discover now