Uni
မိုးကောင်းကင်ထက်ဆီမှ တိမ်လိပ်တို့တက်လာကာ ချက်ချင်းပင် ကောင်းကင်ပြာကြီးသည် ယုတ်ချည်း မဲမှောင်သွားကာ မိုးများလဲရွာသွန်းလာခဲ့သည်။
မနက်အိမ်ကနေမထွက်မှီ ရာသီဥတုက သာယာသည်မို့ အပြင်သွားတိုင်းယူသွားတဲ့ထီးကို မိုးမရွာလောက်ဘူးဟုထင်ကာ ဒီနေ့မှထားပစ်မိခဲ့သည်။
အနီးနားရှိ marketတစ်သို့ဝင်ကာ မိုးခိုနေရင်းဘေးနားက ခွေးလေးတကောင်နှင့်ကိုယ့်လိုဘဲ မိုးခိုနေသူအား အကြည့်ကရောက်သွားသည်။
ခွေးလေးတွေတို့ ကြောင်လေးတွေတို့ကို
ချစ်တက်သူမို့ ထိုလူနားသွားကာ ခွေးလေးနာမည်ကိုမေးမိသည်။"ဟို ခွေးလေးကချစ်စရာလေးနော် သူ့နာမည်ဘယ်လိုခေါ်လဲဟင်.."
" YeonTan ..Kim YeonTanပါ .."
"ကျွန်တော်ခန ကိုင်ကြည့်လို့ရမလား.."
" ရပါတယ်.. ဒီက ခွေးချစ်တက်တယ်ထင်တယ်.."
" ဟုတ်တယ် ကျွန်တော့်မှာလဲ Mickeyလို့ခေါ်တဲ့ခွေးလေးရှိတယ် ဒါပေမယ့်သူက အခုတလောကျန်းမာရေးသိပ်မကောင်းဘူးလေ.."
" YeonTanကလေ တခြားတစိမ်းဆိုအကိုင်မခံဘူး ဒီက.."
" ဟိုဆော့..ဂျောင်ဟိုဆော့ပါ.."
" ဟိုဆော့ရှီးကိုတော့ သဘောကျပုံရတယ်..ဒါနဲ့ကျွန်တော်က ဂင်မ်ထယ်ယောင်းပါ
လေးထောင့်ဆန်ဆန်အပြုံးတို့ကိုချိတ်ဆွဲရင်းပြောလာသူကိုငေးကြည့်နေမိတာ ဘယ်လောက်ကြာသွားတယ်မသိ ထယ်ယောင်းရှီး လက်ကိုလာတို့မှ အသိပြန်ဝင်လာခဲ့သည်။
" ဟိုဆော့ရှီး..ဟိုဆော့ရှီးကျွန်တော်ပြောတာကြားလား.."
" ဟမ်..ဟမ် ထယ်ယောင်းရှီး ကျွန်တော့်ကိုဘာပြောလိုက်တာလဲဟင်.."
" မိုးကတော်တော်နဲ့ စဲအုံးမှာမဟုတ်ဘူး အဲ့တာ ဟိုဆော့ရှီးမှာထီးပါလားလို့.."
" ဒီနေ့ကျမှ အိမ်မှာထားခဲ့မိတာ ဘာဖြစ်လို့မေးတာလဲ ထယ်ယောင်းရှီး.."
" ကျွန်တော့်မှာ ကားပါတယ် ဟိုဆော့ရှီး အဆင်ပြေမယ်ဆို ကျွန်တော် လိုက်ပို့ပေးမယ်လေ.."
YOU ARE READING
🖇𝚅𝙾𝙿𝙴 𝙾𝚗𝚎 𝚂𝚑𝚘𝚛𝚝 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗~🖇
Fanfiction𝙰𝚕𝚕 𝙰𝚋𝚘𝚞𝚝 𝚅𝙾𝙿𝙴♡ မြတ်နိုးရသော ကောင်လေးနှစ်ယောက်အတွက် ဖန်တီးမှု~