1

3 3 0
                                    

Unicode

" မယ်တော် အခု ကျတော့်ကို လာဖြောင်းဖြတာလား ကျတော်အခု လုံးဝနောက်ဆုတ်မှာမဟုတ်ဘူး"

လွမ်းဆွေးဖွယ်တည်ရှိနေတဲ့ရာသီဥတု
ကိုနောက်ခံထားပီး စကားပြောနေကြတဲ့
လူနှစ်ယောက် တစ်ယောက်က တိုင်းပြည်ရဲ့အမျိုးသားကြင်ယာတော် ကင်ထယ်ယောင်း
တစ်ယောက်က သူ့ရဲ့မွေးမိခင်
မိဖုရားခေါင်ကြီး

သူတို့နှစ်ယောက်က ဘယ်လိုအကြောင်းတွေကိုပြောနေကြတာဖြစ်မလဲ

ကင်ထယ်ယောင်းရဲ့ မျက်ဝန်းထက် မျက်ရည်တွေ ပြည့်နှက်လျက် စကားကိုတစ်လုံးချင်းပီသစွာပြောလိုက်တယ်

"ကျတော် မွေးကတည်းက မယ်တော် နဲ့
ဖခမည်းတော် အမတော်တို့ရဲ့ လျစ်လျူရှူမှုတွေကိုခံခဲ့ရတာပါ အခုလည်း ကျတော့်ရဲ့အသက်ကိုစွန့်စားပီးရလာတဲ့ကလေးကို ပျက်စီးစေခဲ့ပြန်ပီ"

တစ်ဖက်က စူးရဲစွာစိုက်ကြည့်နေရုံကလွဲဘာစကားမှ ထွက်မလာ

" မယ်တော် ကျတော့်ဆီလာတာ နောက်တောင်ကျနေပီ အခုလောက်ဆို အမတော် အသက်လုနေရလောက်ပီ"

ကင်ထယ်ယောင်းရဲ့မဲ့ပြုံးနဲ့စကားအဆုံး
ပျက်ယွင်းသွားတဲ့မျက်နှာနဲ့အတူ ပါးပြင်ထက်ရောက်လာတဲ့ လက်ဝါး

.....ဖြောင်း!.....

" မမွေးလာသင့်တဲ့ကလေး အဲ့တာ မင်းရဲ့အမတော်လေ "

ပါး​​ပြင်ပေါ်ကနာကျင်ခြင်းထက် ရင်ဘတ်ကနာကျင်နေမှုကို မှတ်သားလိုက်ရင်း

"ဟက် အမတော် အမတစ်ယောက်က သူ့မောင်အပေါ် ဒီလိုလုပ်ရပ်အရင်လုပ်ခဲ့တာမဟုတ်ဘူးလား ကျတော့်ကို ဆူဆဲနေရမှာမဟုတ်ဘဲ အသက်လုနေရမယ့် သမီးကိုအရင်သွားကြည့်သင့်တယ်ထင်တယ်"

အထီးကျန်ဆန်စွာ ကျန်ရစ်ခဲ့တဲ့
ကြင်ယာတော် ကင်ထယ်ယောင်း တိမ်တွေဖုံးလွမ်းနေတဲ့ ကောင်းကင်ကြီးကိုတစ်ချက်မော့ကြည့်လိုက်ရင်း

" ကလေး အဖေ မကြာခင်လိုက်လာမှာမို့ ခဏလောက်ပဲစောင့်နေပေးပါ"

သိပ်မကြာလိုက်တဲ့အချိန်မှာပဲ ကြင်ယာတော်ရဲ့ အဆောင်တော်အပြည့် ရဲမက်တွေဝင်ရောက်လာတော့တယ်

My Breautiful PrinceWhere stories live. Discover now