Episode[ 9 ]🧡

1.2K 121 1
                                    

Unicode🧡
ဖတ်လို့ပြီးသွားတဲ့ စာလေးကိုသေချာပြန်ခေါက်ကာ စာအိတ်ထဲထည့်ပြီးသိမ်းလိုက်သည်။သူ့မောင်ငယ်ရဲ့ စကားကို ချမ်းမင်းနားထောင်မလား မထောင်လားဆိုတာကို စမ်းသပ်ရတော့မည်။

"ချမ်းမင်း..ဘယ်လိုလဲ
ဆံသဆရာခေါ်ရတော့မလား"

သူမရှေ့က ဆံပင်စုတ်ဖွားနဲ့ ထိုကလေးက သူမမမျှော်လင့်ထားသလို ချက်ချင်းကို ခေါင်းညိတ်ကာတုန့်ပြန်လေသည်။

"ပြီးတာပဲ "

စာအိတ်ကလေးအား နိုရာ့ကိုအိမ်ပေါ်ထပ်သူမအခန်းထဲသိမ်းခိုင်းလိုက်ရင်း စားပွဲဘေးက တယ်လီဖုန်းကို တဂျက်ဂျက်လှည့်ကာ သူမရဲ့အသိဆံသဆရာဆီ ဖုန်းခေါ်ရတော့သည်။

"ဟယ်လို Rame ဆံသဆိုင်ကပါလား"

"ဟုတ်ကဲ့ပါခင်ဗျ ဆိုင်ရှင်ကျွန်တော်ပြောနေပါတယ်ဗျ"

"အော် ဦးရိမ်ရေ ကျွန်မနှောင်ရစ်ငယ်ပါ"

"အော် ပြောပါမမလေးခင်ဗျ"

"အိမ်ကိုလာပြီး ဆံသပေးပါဦး"

"ခင်ဗျာ ဘယ်သူ့ကိုလဲဗျ"

"ဟိုတစ်ခါက ဦးရိမ်ကိုကိုက်လိုက်တဲ့ကလေးပါ"

"ဗျ..ဗျာ.."

"စိတ်မပူပါနဲ့ ကျွန်မတာဝန်ယူပါတယ်ရှင်"

"ဟို.."

"ကျွန်မကိုယုံလိုက်ပါရှင်"

ချမ်းမင်းတစ်ခါကိုက်တာခံလိုက်ရတဲ့ သူကိုပြန်ခေါ်ရတာက မလွယ်လှပေ၊သို့ပေမဲ့လည်း မနည်းချော့ကာ ခေါ်လိုက်ရသည်လေ။
ဦးရိမ်ရောက်လာတော့ ချမ်းမင်းကိုခြံထဲမှာထိုင်ခိုင်းကာ သူ့ရဲ့ပခုံးနားကပ်နေတဲ့ ဆံစုရှည်ကြီးကို စတင်ကာပုံသွင်းရတော့သည်။
နာရီဝက်အကြာမှာ အားလုံးပြီးစီးသွားကာ
အရွယ်နဲ့လိုက်ဖက်တဲ့ ချမ်းမင်းရဲ့ ကြည့်ကောင်းမှုများပေါ်ထွက်လာသည်။

အခုမှ သူ့အားဆယ်ကျော်သက်လို့ ခေါ်နိုင်တော့မည်။

"အခုမှ ရုပ်လုံးပေါ်လာတာပဲ"

ချမ်းမင်းကို အခုမှသေချာမြင်ရတော့သည်မှာ ဒီကလေးနဲ့ နားအောက်ဖက်မှာ ဆေးလိပ်မီးတို့ရာတွေလို အမာရွတ်တွေနဲ့ နားထင်မှာဓားခြစ်ရာလို့ထင်ရတဲ့ အရာလေးအနည်းငယ်။
သူမမျက်မှောင်ကြုတ်မိလိုက်၏။
ဒါတွေကို ငယ်ငယ်လေးနဲ့ ခံစားခဲ့ရတာကိုမမှုပဲ ချည်နှောင့်နောက်ကို လိုက်သွားဦးမည်တဲ့။
ဦးရိမ်ကို သေချာပိုက်ဆံချေကာ ရထားလုံးနဲ့အပြန်လိုက်ပို့လို့်ရသေးသည်။ချမ်းမင်းကတော့ သိပ်သဘောကျပုံမရ မှန်ကိုကြည့်ကာ မျက်နှာမကောင်း။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now