In Another Life(Sunki)

696 82 4
                                    

ဂျပန်နိုင်ံငံ အိုခါယာမာမြို့ငယ်​လေးရဲ့ ည​နေခင်းတစ်ခု ​နေဝင်ခါနီးဖြစ်တာ​ကြောင့် ဆည်းဆာ​ရောင်​တောက်ပီးလှပ​နေသည်။ ​နေဝင်ဆည်းဆာ​အောက်မှာ သွားလာလှုပ်ရှား​နေတဲ့လူ​တွေကလည်းအများသား။ ဒီည​နေဟာ ခါတိုင်းထက် လူစည်ကား​နေသ​ယောင်ရှိသည်။ ၄၈နာရီအတွင်း လာနိုင်သည့် မုန်တိုင်းသတိ​ပေးချက်​ကြောင့်ပင်များလား။ ပင်လယ်နဲ့နီးပြီး မီး​တောင်​သေ​တွေရှိတဲ့ နိုင်ငံဖြစ်တာ​ကြောင့် အိုခါယာမာမြို့သူမြို့သားများအတွက်မုန်တိုင်းဆိုတာ​တော့မထူးဆန်းလှ။

သို့​သော် ပြင်ဆင်စရာရှိသည်​တော့ပြင်ဆင်ထားဖို့လိုသည်​လေ။ မုန်တိုင်းက သူ​တော်စင်မဟုတ်။ မြင်မြင်သမျှကိုဖျက်စီးသွားမည့်နတ်ဆိုးတစ်​ကောင်။ လမ်း​ပေါ်မှာ ပျားပန်းခတ်မျှ လှုပ်ရှား​နေသည့်လူအုပ်ကြီးနဲ့ မသက်ဆိုင်သလိုမျိုး တည်ငြိမ်​နေတဲ့ ​ကောင်​လေးတစ်ဦးလည်း ရှိသည်။ မြင့်မား​သောအရပ်နဲ့ လိုက်ဖက်ညီသည့် ကုတ်အကျီအရှည် style pantတို့နဲ့ ထိုသူ၏ရုပ်ရည်က မြင်သူတိုင်းစွဲမက်စရာ။ သူ၏ဦးတည်ချက်ကား အိမ်ပြန်လမ်းမဟုတ်။ ​ကော်ဖီဆိုင်တစ်ခုဆီကိုဖြစ်သည်။ ချစ်ရသူရှိ​နေတဲ့​ကော်ဖီဆိုင်။မုန်တိုင်းဆိုတာကိုသူ့​ခေါင်းထဲရှိ​နေမည့်ပုံမ​ပေါ်ပါ။

ခဏအကြာမှာ အဖြူ​​ရောင်​ဆေးသုတ်ထားပီး အစိမ်း​ရောင်​ခေါင်မိုးမိုးထားတဲ့ ​ကော်ဖီဆိုင်​လေး​ရှေ့ကိုသူ​​ရောက်လာသည်။ ဒါနဲ့ဆိုဒီဆိုင်ကိုလာတာတစ်လပြည့်ပီ။ သူချစ်ရသူနဲ့သိတာလည်းတစ်လပြည့်။ ဒီ​ကော်ဖီဆိုင်က သူနဲ့ကိုယ်နဲ့​တွေ့​နေကျ​​နေရာ​လေးဖြစ်သည်။ သူ့ချစ်သူအ​ကြောင်း​ပြောရမည်ဆိုလျှင် သူက တကယ်ထူးဆန်းသည့်လူ။ ​တွေ့ဖို့အ​ကြောင်းစလိုက်လျှင် ဒီ​ကော်ဖီဆိုင်ကိုသာအမြဲလာ​စေသည်။ တစ်ခါတစ်​လေ စကားထူးထူးဆန်းဆန်း​တွေ​ပြောတတ်ပီး တစ်ခါတစ်​လေကျ က​လေးတစ်​ယောက်လိုချစ်ဖို့​ကောင်းသည်။ ဟိုးအရင်ကအဝတ်အစား​စတိုင်တွေကိုလည်းဝတ်တတ်​သေးသည်။ မက်မွန်သီး​ရောင်ဆံနွယ်​တွေနဲ့ မက်မွန်ပန်း​တွေထက်လည်းပိုလှသည်။ ထိုလူသားကို မြင်မြင်ချင်းချစ်မိခဲ့တာဖြစ်ပီး ထိုသူကလည်း ချစ်​ရေးဆိုတာကိုတန်းလက်ခံခဲ့တာမလို့ သူတို့အချစ်ခရီးကအလွန်​ဖြောင့်ဖြူး​​နေသည်။ ဒီ​နေ့ဆိုရင် တစ်လ​တောင်ပြည့်သွားပီပဲ။ ​ဆောနူ.... နီရှီမူရာရီခီ ချစ်ရတဲ့​ဆောနူ....

You've reached the end of published parts.

⏰ Last updated: Jan 27, 2022 ⏰

Add this story to your Library to get notified about new parts!

In Another Life(Sunki Oneshot)Where stories live. Discover now