part 15 (Arc 2 ပိုင်ဝေ့)

469 64 19
                                    

ချီရှောင် နိးလာတော့ အရမ်း ပင်ပန်းနေတာ သိလိုက် ရတော့သည် ဘာမှကိုမမှတ်မိပေမယ့် အားဝေ့ က ဒီကမ္ဘာမှာ မရှိတော့ဘူးဆိုတာတော့ သိလိုက်ရသည်

မဟုတ်ဘူး အားဝေ့က ထွက်မသွားသေးဘူး ဟုတ်တယ် အားဝေ့က သူကိုဖက်ထားပေးသေးတယ်

မျက်လုံးဖွင့် ကြည့်လိူက်တော့ အားဝေ့ အဆောင်မှာ ရောက်နေတာ တွေ့လိုက်ရသည် ။

အားဝေ့ အခန်းတခုလုံးက ရစရာမရှိအောင် ဖျက်စီးခံထားရသည်

ချီရှောင် တခုပဲ မှတ်မိသည် အက်တာက ရွှမ်းရီ က လက်ထပ်ပွဲ ဖျက်ပေးလို့ ပျော်နေတဲ့ သူ့ဟာ ပိုင်ဝေ့ဆီ သွားတဲ့ အချိန်ဖစ်သည်

စိတ်ထဲမှာ ရွှမ်းရီက ထူးဆန်းနေပေမယ့်
အားဝေ့လောက် ဘယ်သူမှအရေးမကြီးပေ

အက်ကြောင့် အားဝေ့ ရှိ
ရာအိမ်တော်ကို ပြန်သွား ပေမယ့် အားဝေ့ကို ဘာတွေ ပြောမိမှန်းမသိတော့ချေ ။

သူဟာတနေရာရာမှ ပိတ်မိနေသလိုခံစားရပေမယ့် ဘာမှားနေလည်းမသိချေ ။

နောက်ဆုံး သူမှတ်မိတာ တခုက အားဝေ့ သတ်သေ သွားပီဆိုတာ ကြားလိုက်ရတဲ့ အချိန် ဖစ်သည်

သူ ရူးသွပ်သွားတော့မလိုပင်
သူ့ အားဝေ့ရှိရာကို အမြန်လာခဲ့ပေမယ့်
အားဝေ့ရဲ့ အိမ်တော်ကို မမှတ်မိပေ ။

လမ်းတွေ ပျောက်လွန်းလှပီး နောက်ဆုံးမှ အိမ်တော်ကို ရှာတွေ့ခဲ့သည်

ဒါပေမယ့် သူနောက်ကျသွားသည် အားဝေ့က အဆောင်ထဲမှာ မရှိတော့ပေ ။

သူ ရူးသွားလုမတက်ပင် ။
အားဝေ့ရဲ့ ပစ္စည်းတွေကို ဖျက်စီးနေမိတော့သည်

သတိပြန်ဝင်လာတော့ အားဝေ့ ပစ္စည်းတွေ ပျက်စီးနေရင် သူကို စိတ်ဆိုးမှာဆိုး၍ အကုန်ပြန်ကောက်သိမ်းဆည်းနေမိတော့သည်

အက်အချိန်မှာ အားဝေ့ က သူကိုလာပီး ပွေ့ဖက်လိုက်တာ ခံစားမိသည် ။

အားဝေ့ ပွေ့ဖက်တာကို ခံစားမိချိန်မှာ ကိုယ့် ကို ကိုယ် အပစ်ရှိတဲ့ လူတယောက် အသွင်ခံစားလိုက်ရသည်

ဘာလို့ဆိုတာ မပြောတက်ပေမယ့်
အမှားတခု ကျူးလွန်မိထားသလို ဘယ်ဟာလည်းဆိုတာ မပြောတက်ခဲ့ပေမယ့် လည်းပေါ့။

You've reached the end of published parts.

⏰ Last updated: Jan 30, 2022 ⏰

Add this story to your Library to get notified about new parts!

လူမှားနေပီမဟုတ်ဘူး ဝိဉာဏ်မှားနေတာဟ Where stories live. Discover now