Part - 2 Uni

41.4K 2.1K 318
                                    

မနေ့က ကားသမားကို ပေါက်ကွဲရမ်းကားခဲ့မှုကြောင့် ဘာမထီ တစ်ယောက်ရဲစခန်းရောက်ခဲ့ရသည် ။ ဒါကလည်းကားသမားကြောင့်ထက် ဟိုလူစွမ်းကောင်းကြီးကြောင့် ။ သူအိမ်ပြန်ရောက်တော့ ည ၇ : ၀၀ ရှိပြီမို့ ဒယ်ဒီဆီကအဆူခံရတာနားပင်မီးထပွင့်မတတ် ။ ဒယ်ဒီဆူလိုက် လေးလေးဆူလိုက်နဲ့ ဒီကြားထဲ ဟိုလူပြန်ပါမလာတော့ ပိုဆိုးလေ၏ ။

" သားရပ်ဝန်းကိုသွားကြိုဖို့ခွင့်တောင်းတာ​ မင်းဒီလိုရမ်းကားဖို့လား ဘာမထီ "

" ဒယ်ဒီကသူပြောတာကိုယုံတယ်ပေါ့ "

" ယုံမယုံ ငါကိုယ်တိုင်စခန်းမှူးဆီဖုန်းဆက်ပြီး မင်းအတွက်အာမခံပေးရတာလေ ၊ ငါကွာ တောက် !! "

ဒယ်ဒီသူ့ကိုဆွဲထိုးပစ်ချင်သည်ထိ အရမ်းဒေါသထွက်နေသည်ထင် ။မျက်နှာပြင်တစ်ခုလုံးနီမြန်းနေကာ ခါးထောက်လျက်ပင် တောက်တစ်ခေါက်ခေါက် ။

" ဒီကိစ္စကကျွန်တော်နဲ့ကားသမားငြိတဲ့ပြဿနာ ၊ သူနဲ့မဆိုင်ဘဲလူစွမ်းကောင်းလုပ်လို့ ပြဿနာကြီးသွားတာ ဒယ်ဒီသိလား "

" သြော် မင်းကရပ်ဝန်းကိုဘာမှရန်မရှာခဲ့ဘူးကို "

ဒယ်ဒီသူ့ကိုရွဲ့ပြောနေမှန်း သူသိပါတယ် ။ ဒါမယ့်အမှန်ပဲမို့ ယုံယုံမယုံယုံ သူဂရုမစိုက် ...

" ကျွန်တော်အဲ့ကားသမားကို မကျေနပ်တာမှန်တယ် ၊ သူစီးလာတဲ့ကားမှန်းကျွန်တော်လုံးဝမသိတာ ၊ ပြီးတော့အထိုးခံရတဲ့ကောင်က ဒယ်ဒီသားဒီကောင် ။ အဖေလူကိုကျွန်တော်လက်ဖျားနဲ့တောင်ထိခဲ့တာမဟုတ်ဘူး "

" မင်းကမထိုးချင်အောင်လည်းနေခဲ့တာကို ၊ အေးပေါ့ မင်းပြောတော့မင်းစကားပေါ့ ၊ ဒီမှာ သား မင်းကငါ့သား !! "

" ဒယ်ဒီသားမှန်းသိသေးလို့တော်သေးတယ် "

သူ့စကားမဆုံးခင် ကြားဖြတ်ကာ ရွဲ့ပြောလိုက်တဲ့ သားကြောင့် ဦးဒီပါဒိတ်မျက်မှောင်ကြုတ်ကာ ...

" မင်းငါ့ကိုမရွဲ့နဲ့ ဘာမထီ ငါကမင်းအဖေ ၊ မင်းအကြောင်း က ကနေ အ အထိအစအဆုံးငါသိတယ် ၊ မင်း သားရပ်ဝန်းကိုဘာပြောလိုက်လို့ အိမ်ပြန်မလာတာလဲ ငါမသိဘူး "

Barmahti ( Ongoing )Where stories live. Discover now