ONESHOT

1.9K 181 17
                                    

"အမှား''

(One shot)

"လမ်းခွဲရအောင် Jimin...''

အချိန်တစ်ခုရောက်လာရင် မောင့်ဆီက
ဒီစကားမျိုး ကြားရမယ်ဆိုတာ
ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သော်လည်း....
တကယ်တည်း ကြားလိုက်ရတဲ့ အချိန်မှာ....
ကျနော် ကောင်းကောင်းမတ်တပ်မရပ်နိုင်

ပြိုလဲချင် စိတ်နဲ့ မိုးလိုပြိုကျလာတဲ့
မျက်ဝန်းအိမ်က မျက်ရည်တွေကို
အပြုံး နုနုနဲ့ ဖုံးကွယ်ကာ....
ကျနော် အဆင်ပြေပါတယ်လို့ ပြောဖို့
ကြိုးစားမိတယ်.....

ကျနော် သိပ်ချစ်တဲ့ မောင် ရယ်လေ......
သူကျနော့်ဆီမှာ မပျော်တော့ဘူးဆို
ရင်တွေ အကွဲခံပြီး လက်လွှတ်ပေးရမှာပေါ့

ဆွဲထားပိုင်ခွင့် မရှိ....
လွှတ်ချမသွားဖို့ တောင်းပန်ပိုင်ခွင့်မရှိပါ....
ဘာလို့လဲ ဆိုတော့
ကျနော် သိပ်ချစ်မိတာကို......
ကျနော့် အသက်နဲ့ ခန္တကိုယ် ထက်ကိုပေါ့....

Jimin:"အင်း...မောင်...
ကိုယ်...လမ်းခွဲပေးပါ့မယ်....''

တိုးတိတ်သွားတဲ့ အသံငယ်လေးက
ဝမ်းနည်းနေမှန်း သိပ်သိသာလှသည်....
မျက်နှာလွဲထားပါသော်လည်း
မင်းရဲ့....မျက်ဝန်းအိမ်က
မျက်ရည်စလေးတွေကို
မောင်မမြင်ဘူးလို့ များ
မင်း...ထင်နေသလား ကလေးငယ်

မောင် သိပ်ချစ်ရတဲ့ ကလေးငယ်ရဲ့
အကြောင်းကို မောင် သိပ်သိတာပေါ့....
ဘာကြောင့်များ ဖုံးကွယ်ဖို့ ကြိုးစားချင်ရတာလဲ

ချစ်ရတဲ့ ကလေးငယ်ရဲ့
ကျနော် အသက်တမျှတန်ဖိုးထားရတဲ့
မျက်ရည်စလေးတွေကို ကျနော် ရင်မဆိုင်နိုင်ပါ..

စချစ်မိသူလဲ ကျတော်ပဲ ဖြစ်သလို
အဆုံးထိ ဆက်ချစ်သွားမယ့်သူဟာလဲ
ကျနော်ပဲ....

ဒါနဲ့ များ ကျနော်ဘာကြောင့်
လမ်းခွဲစကားပြောရတာလဲ ဆိုရင်.......

.........................။

လွန်ခဲ့တဲ့ တစ်ပတ်ခန့်က......

Doctor:"ခေါင်းစကိုက်နေတာ
ဘယ်လောက်ကြာပြီလဲ....''

Jeon:"နှစ်ရက်လောက်တော့ ရှိပြီဆရာ...
အတိအကျတော့ ကျနော် မမှတ်မိတော့ဘူး....''

အမှား(oneshot)Where stories live. Discover now