Extra-8

1.4K 52 30
                                    

Unicode

ပြက္ခဒိန်မှ ပြောင်းလဲသွားသော ရက်စွဲများနှင့်အတူ အချိန်တွေက တဖြေးဖြေး ရွှေ့လျားနေသည်။တနေ့ထက် တနေ့ပိုတိုးလာသော ချစ်ခြင်းမေတ္တာ တွေကို အသုံးချကာ ထူး တို့မိသားစုလေးကို ပျော်ရွှင်ချမ်းမြေ့စေခဲ့သည်။

တရိပ်ရိပ်ပြေးလွှားနေသော ထူး လိုက်ပါလာ သည့်ကားလေးသည် တောင်ကြီး မြို့အနီး ထူးတို့ နေထိုင်သည့် ရွာကြီးသို့ ဆိုက်ရောက်လာချေပြီ။ကုန်လွန်ခဲ့တဲ့ သုံးရာသီများစွာမှာ ပြောင်းလဲ လာတဲ့ ဒီရွာကြီး။ဟိုးအရင်ကလို ချောင်ကျကျ၊မဖွံ့ဖြိုးခဲ့တဲ့ နေရာဒေသမဟုတ်တော့။လမ်းပမ်းဆက်သွယ်ရေးမှ စကာ ရေမီးအစုံအလင်ဖြင့် ခေတ်မှီတိုးတက်နေသော မြို့ကြီးဖြစ်နေပေပြီ။

ဆေးရုံ ၊စာသင်ကျောင်း ၊ အစိုးရရုံးများ၊ ပုဂ္ဂလိက ပိုင် အဆောက်အဦများ၊shopping mall များ၊ sports center များ၊ ကလေးအားကစားကွင်းများ ၊ အနားယူအပန်းဖြေစရာ ပန်းခြံများ၊ တိရစ္ဆာန်ဥယျာဥ်များ၊ Hotel များ၊ စသည့် စသည့် မြို့ပြရဲ့ ပြယုဂ်များက ဤ ရွာကြီးများဘေးတွင် ဝင့်ဝင့်ကြွားကြွား။

ဒုတိယမြောက် စနေသားပိစိလေး ခြောက်လပြည့် ပြည့်ချင်း ထူးအမည်​ ပေးထားတဲ့ ""Mahar""ဆိုတဲ့ တောင်ကြီးက ခြံကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။အဲဒိမှာပဲ အိမ်လေးတစ်လုံးဆောက်ကာ လပေါင်းများစွာကိုဖြတ်သန်းခဲ့သည်။

ထူး ရန်ကုန်က အလုပ်တွေအားလုံးကို လက်စသတ် ပြီး မမကြီးတို့ မမလေးတို့ကို လွှဲကာ တောင်ကြီးသို့ ပြန်လာခဲ့တာပါ။ ဟိုသားအဖတွေက တော့ ထူး ကို ဘယ်လောက်တောင် မျှော်နေမလဲ မသိ။

"ဃဃလေးရေ မောင့်ဃဃလေးရေ"

"......"

တုံ့ပြန်သံမကြားသဖြင့် ထူး အနည်းငယ်တော့ စိတ်ပူသွားမိသည်မိသည်။ ဆိုင်မှာ ရောက်နေလားမသိ။ဆိုင်ဆိုတာက ထူးတို့ ဖွင့်ထားတဲ့ ပန်းဆိုင်လေးပါ။ထူး တို့ခြံထွက် ပန်းတွေကို ပဲ ဆိုင်လေးမှာ ရောင်းချတာဖြစ်သည်။ပန်းမျိုးပေါင်း ရာချီပြီး ရှိသည့် ပန်းဆိုင်လေးပေါ့။

အိမ်နဲ့ဆိုင်က အလှမ်းမဝေးပေမဲ့စိတ်ပူမိသည်။မပူလို့လည်းမရဘူးလေ။ ပူကိုပူရမဲ့အကြောင်းရင်းက ရှိနေတာကိုး။

HTOO (Season -2)  [ completed ]Where stories live. Discover now