Part: 4

5.8K 471 40
                                    

{Unicode🥀}

... အနိုင်ကျင့်တာထက်...
မသိဘူး...
သူက ကျုပ်အပိုင် ဆိုတာမျိုး....။

***

လအနည်းငယ်ကြာသော်....


ည ၁၀ နာရီ....

ဒီနေ့က ကျွန်တော်တို့ ဆယ်တန်း Resultထွက်သည့်နေ့....။ မနက်ကတည်းက အစောကြီး ရင်ခုန်ပြီး စောင့်ဆိုင်းခဲ့ရသည်။ Momနှင့် Dadကတော့ တစ်ယောက် တစ်လှည့်ဆီ ကျွန်တော့်ကို ဖုန်းဆက်ပြီး မေးနေလေပြီ။ နောက်ပြီး Resultထွက်သည့်နေ့ဆိုတာ ကျွန်တော် မေ့ထားတာတောင်မှ Momနှင့် Dad၏ ဖုန်းခေါ်မှုကြောင့် ကျွန်တော့်မှာ ထိုကိစ္စက ခေါင်းထဲ ဝဲလည်လည်ပင်....။

သူကတော့ ဒီတစ်ပတ်မှပင် Night shiftနှင့် တိုးနေသည်။ ကျွန်တော်လည်း ဧည့်ခန်းsofaပေါ်မှာ ထိုင်ပြီး ရှေ့တူမှ ဇာတ်လမ်းတွဲတစ်ခုကို စိတ်မပါစွာ ကြည့်နေမိသည်။ ဖုန်းထဲမှ Youtube ပေါ်မှ MTV တစ်ချို့ကို ကြည့်နေရင်း Sofa ပြောင်းပြန်အနေအထားဖြင့် လှဲချမိနေသည်။ ခြေထောက်နှစ်ဖက်လုံးကို Sofa လက်ရန်းပေါ်၌ မိုးမျှော်ကာ တင်ထားပြီး ခေါင်းကိုတော့ Sofa၏ အောက်ခြေပေါ်၌ လဲချထားမိသည်။

တစ်ယောက်တည်း ဒီအခန်းထဲ နေရတာမျိုးက အတော်လေးကို ပျင်းဖို့ကောင်းလွန်းသည်။ အထူးသဖြင့် ဒီနေ့လိုမျိုး ဘယ်သူ့ကိုမှ အပြင်ကို ခေါ်ထုတ်လို့ မရတဲ့ Resultနေ့လိုမျိုး....။ အပြင်သွားဖို့ ဘယ်သူ့ကိုမှ ခေါ်လို့မရသလို.... သူကလည်း အလုပ်မသွားခင် ကျွန်တော့်ကို အပြင်မသွားဖို့ အတန်တန်မှာသည်။ ဒီတော့ ဘယ်သူ့ဆီကမှ Result အခြေအ​နေ မသိမချင်း ပ,သားမပေးလေတော့.... ကျွန်တော်က ဒီအတိုင်း တံခါးပိတ်ပြီး နေရုံကလွဲ ဘာမှလုပ်လို့မရတော့....။

📱>>>

"Hello... စည်းစိမ်...။ ငါ အိမ်ထဲမှာ မနက်ကတည်းက နေရတာ ပျင်းလာပြီကွာ....။ ဘယ်ကိုမှ သွားခွင့်မပြုရင်တောင် တစ်နေရာရာနဲ့ နီးတဲ့ စားသောက်ဆိုင် တစ်ခုခုလောက် ထိုင်ရအောင်ကွာ...။ ငါ ပျင်းလို့....။"

"မရဘူး... အိမ်က မားသားကြီးတို့က ဒီနေ့ အပြင်ကို မထွက်ဖို့ သေချာလေးမှာထားတာ...။ Result ပြီးမှပဲ သွားချင်သလိုသွားတဲ့...."

ကျွန်တော်က,ဗျာ.... ခင်ဗျားကို ချစ်တယ်ဆိုပါစို့။(completed )Where stories live. Discover now