☕&🍦

16 1 0
                                        

မွှေးပျံတဲ့‌ ကော်ဖီပူပူတစ်ခွက်က မင်းကိုရည်ညွှန်းခြင်းဆို အေးစက်စက်ရေခဲမုန့်တစ်ခွက်ကဟာ ကိုယ်ပါပဲ အချစ်ရယ်

အပူနဲ့အအေးဟာ ရေနဲ့မီးလို ပေါင်းစည်းလို့မရနိုင်မှန်းသိရက် ကိုယ်တို့ဟာ ဇွတ်ရူးမိုက်ခဲ့ကြသူတွေပေါ့

ကော်ဖီပူပူဟာ အချိန်တန်ရင် အေးစက်နိုင်သလို
အေးစက်တဲ့ရေခဲမုန့်တစ်ခွက်ဟာလည်း အချိန်တန်ရင် ပျော်ကျနိုင်မှန်းသိရက် ကိုယ်တို့ဟာ အချိန်မတန်ခြင်းကြားထဲ ပျော်မွေ့နေသူတွေပေါ့

ကော်ဖီပူတွေအေးစက်သွားတဲ့အခါ
ရေခဲမုန့်တွေ အရေပျော်သွားတဲ့အခါ

ကိုယ်တို့နှစ်ယောက်လည်း
ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ......

For YouМесто, где живут истории. Откройте их для себя