Part-11

224 37 0
                                    

(Unicode)

ရှောင်းကျန့် ပါးကိုနှုတ်ဆက်လိုက်ပြီး ကျောင်းထဲတန်းမဝင်သေးဘဲ မြင်ကွင်းထဲကနေ ပါးရဲ့ကားလေး ဝေဝါးပျောက်ကွယ်သွားသည်အထိရပ်ပြီးကြည့်နေလိုက်သည်။ အနောက်ကိုလှည့်လို့တက္ကသိုလ်ပရိဝုဏ်ထဲ ခြေချလိုက်တာနဲ့ ထုံးစံအတိုင်း parking ၌ရပ်ထားသောဆိုင်ကယ်အနားမှာ သူ့ကိုစောင့်နေသောရိပေါ်ကိုတွေ့ရသည်။

All black နဲ့ထင်းထွက်နေတဲ့ ရှောင်းကျန့်ကောင်လေးကသိပ်မိုက်တာ။ လက်ထဲမှာလည်းတစ်ခုခုကိုင်ထားတာတွေ့သည်။ ရှောင်းကျန့်အတွက် green tea ‌ဖြစ်ရင်ဖြစ် မဟုတ်ရင် juice တစ်မျိုးမျိုးဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်။ တစ်ခါလောက်တော့ ice cream လေးပူဆာဦးမှ။

စူးရှတောက်ပတဲ့အကြည့်တွေက မြားတစ်စင်းလိုပဲ ‌လူကိုဖောက်ထွက်သွားမလားမှတ်ရသည်။ နားနှစ်ဖက်က Crosses ပုံစံ eardrops လေးတွေကလည်း နေရောင်ကြောင့် တစ်ချက်တစ်ချက် လက်ခနဲဖြစ်ဖြစ်သွားတတ်ကာ ကပိုကရိုပုံစံဖြစ်နေတဲ့ အညိုရောင်ဆံနွယ်တွေနဲ့ပေါင်းစပ်လိုက်တော့ လုံးဝကိုအရိုင်းဆန်နေတော့တာပါပဲ။ တချို့မိန်းမငယ်လေးတွေဆို အရောင်တောက်တောက်မျက်လုံးလေးတွေနဲ့ ရိပေါ်ကိုကြည့်ကာကြည့်ကာဖြင့် သူတို့အချင်းချင်းတီးတိုးပြောဆိုပြီးရှက်ပြုံးလေးတွေပြုံးသွားကြတာတွေ့ရသည်။

ရှောင်းကျန့်လည်း ပေါ့ပါးတဲ့ခြေလှမ်းလေးနဲ့အတူ ချစ်သူဆီသွက်သွက်ကလေးလျှောက်သွားလိုက်သည်။ ဟိုညကပူပန်မိတယ်ဆိုတဲ့စိတ်တွေဟာလည်း နောက်နေ့ရိပေါ်မျက်နှာကိုမြင်လိုက်တာနဲ့ အကုန်ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရော။

ရိပေါ်ရဲ့ဂရုစိုက်ခြင်းတွေနဲ့ အချစ်တွေကြောင့် မယုံမရဲနဲ့ပူပန်မိခဲ့တဲ့သူ့စိတ်အပေါ်တောင် ရှက်မိခဲ့ရတဲ့အဖြစ်။ အချစ်ကဆန်းကြယ်လှပါလား။ အခုရက်ပိုင်းတော့ ရှောင်းကျန့်နဲ့အနီးတစ်ဝိုက်မှာ ချစ်ခြင်းရဲ့ရာသီဥတုတွေကသာသာယာယာပါပဲ။ ပန်းနုရောင်လေးသန်းလာလိုက် အပြာဖျော့ရောင်ရစ်သိုင်းလာလိုက်နဲ့ တစ်လှည့်စီကိုဖြစ်လို့။

ရိပေါ်သူ့အရှေ့ဆီက ထွက်ခါစနေရောင်ခြည်လို နုနုစင်စင်လေးနှင့် လတ်ဆတ်မှုတွေဝေဖြာနေသောအလှတရားလေးအား မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ရေကြည်အိုင်လေးထဲစိန်မှုန်တွေကြဲထားသလို တဖျတ်ဖျတ်လက်နေတဲ့မျက်လုံးလေးတွေကရိပေါ်ရဲ့အားနည်းချက်‌ဆို နီထွေးပါးလျပြီး ပုံကျလှတဲ့နှုတ်ခမ်းလေးကတော့ သံစဉ်မပီတော့တဲ့ရိပေါ်ရင်ခုန်သံတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။

 ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)Where stories live. Discover now