Part-8

13.4K 589 21
                                    


Part  8

🌸

နတ်ကန္နားပွဲစတဲ့နေ့ထဲက လကျာ် စိုင်းပန်နဲ့အတူရောက်လာတာဖြစ်ပြီး  လှသွေးကြွယ်တို့ အိမ်ခေါင်းရင်းက ခြံမှာနေကြတာဖြစ်သည်။ ကိုမိုးဝေ၊ ကိုမျိုး၊ စိုင်းပန် နဲ့ သူလေးယောက်သာနေပြီး ညဆို စကားတွေပြောကြ ခွက်ပုန်းချလိုက်နဲ့ သာယာနေတော့သည်။ ရှေ့နေ့တွေဆိုတဲ့ဂုဏ်နဲ့ ဟိုအိမ်ကလာပေး ဒီအိမ်ကလာပေးနဲ့ အတော်အလုပ်ဖြစ်နေ၏။  လာမကျွေးတာတော့ ထိုအမျိုးသမီးပင်  မနက်ဆိုအစောနိုးပြီး တံမြက်စည်းလှည်း ဘုရားရှိခိုး နဲ့ အလုပ်ကိုဆက်တိုက်လုပ်တာ သူကြားကြားနေရသည်။ မသိမသာထရံပေါက်ကနေ မနက်ဆိုစောစောထပြီး ချောင်းကြည့်ရတာအမောပင်။ သူကလဲ သူပဲဘာလို့မှန်းမသိ ထိုအမျိုးသမီးကိုမှ စချင်နောက်ချင်နဲ့ ရန်ဖြစ်ချင်နေတဲ့ စိတ်ကထိန်းမရ။

အခုလဲ မနက်၇နာရီခွဲသူနိုးတော့  ဟိုဖက်အိမ်ကမိန်းမ တံမြက်စည်းလှည်းလိုက်၊ အပင်ရေဖြန်းလိုက် လုပ်နေတာမို့ ယောင်လည်လည်နဲ့ ထလာကာ ရေစည်နား ရေချိုးဖို့ထွက်လာတော့သည်။ ပုဆိုးတစ်ထည်သာ ဝတ်ထားပြီး ရေချိုးဖို့ဆင်းလာတာထက် ထိုမိန်းမကိုစချင်တာက ခပ်များများပင်။

ခြံစည်းရိုးခြင်းကပ်နေသလို  ဒီအိမ်ကအပိုဆောက်ထားတာမို့ အရမ်းကြီးသပ်ရပ်တာမျိုးမရှိ။ ရေချိုးကန်က ခြံစည်းရိုးနားမှာဖြစ်သလို ဝါးတန်းစည်းရိုးတွေကြောင့် မမြင်ချင်လဲမြင်ရသည်။

လှသွေး တံမြက်စည်းလှည်းရင်း  ပါးစပ်ကနေမေတ္တာသုတ် ခပ်တိုးတိုး ၉ခေါက်ရွတ်နေတော့သည်။ မနက်တိုင်း အလုပ်လုပ်ရင်း ဘုရားစာရွတ်ပြီးမှ ရေချိုးဘုရားရှိခိုးတာက အကျင့်ဖြစ်နေတော့သည်။ တစ်ဖက်ကလူ အင်္ကျီကျွတ်နဲ့  သူ့ဗလထွားထွား ရင်အုပ်ကျယ်ကျယ်ကို ဟန်ပါပါနဲ့ ပုဆိုးတစ်ထည် ပုခုံးပေါ်တင်ပြီး ဆင်းလာတာထိမမြင်ချင်လဲမြင်နေရတော့သည်။  ကို့ဘာသာပဲ မေတ္တာသုတ်လေး ဆက်ရွတ်ရင်း

" ယသာ နုဘာဝတော ယက္ခာ နေဝဒဿံတိ ဘိသနံ "

" ကျောင်းသွား ကျောင်းပြန် အချိန်မှန် အမြဲလိုက်လို့ကြည့်သည် ×××  သူ့မျက်ဝန်းနဲ့ဆုံရင်ရင်ခုန်သည် ×××× သူ့အပြုံးလေးများရင် အပျော်လွန်ပြီးအိပ်မရတော့ပြီ "

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now